နတ်ဝှက်တဲ့သတို.သမီး-၁
ကြာမြင့်ခြင်းနဲ. မကြာမြင့်ခြင်းကြားမှာ
သတိရခြင်းခြားတယ်။
အတိအကျ ဝေးသွားတဲ့ဇာတ်မှာ
ငါက လမ်းဆုံမှာ ရပ်ကျန်ခဲ့သူ
နောက်ဆုံးခူးခွင့်ဟာ ဘယ်သူနဲ.ဆိုင်သလဲ
ငါ့စံပယ်လေးကို နွေဦးက ပိုင်တယ်။
ရဲရင့်ဖို.ဆိုတာ
စွန်.လွှတ်ဝံ့မှဖြစ်မှာ
ငါက မရဲခဲ့သူပါ……
အဲဒီ တူတူပုန်းပွဲမှာ
ငါက ရှာသူမရှိပဲ ပုန်းခဲ့တဲ့လူ
ချစ်သူ တစ် နှစ် သုံး လို.
ဘယ်သူကမှမခေါ်ဘူး။
တစ်ခုတော့ရှိတယ်
ညီမလေးကို ပေးဖတ်တဲ့ကဗျာ
တခါက
ညီမလေးကိုပြောမယ့်စကားတွေမပါခဲ့ဘူး။ ။
Comment #3
အပုန်းလွန်သွားတာပဲနေမှာပါ….
ရှာတဲ့သူက ရှာခဲ့မှာပါလေ…
ကိုယ်ကပုန်းနေခဲ့တာကိုးနော့်…း)
အဲ့တော့ နတ်ဝှက်တဲ့ သတိုးသားပဲဖြစ်ရမယ်…း))
By: မှုံရွှေရည် at Jul 14, 2010
Comment #4
he,,he,,
i agree with hmone shwe yi
By: ei lay at Jan 14, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဟောင်းလေးတွေပြန်တင်နေတာပါ
ဒီမှာတော့တင်ရသေးဘူးလေ