သစ်ပင်အို နဲ့ ငှက်ငယ်
အပျံသင်စ
ငှက်ကလေး တစ်ကောင်
ငါ့ရင်ခွင် ကိုင်းထက်မှာ
လာနားဖူးတယ် …
( သူက အမှတ်တမဲ့ ပါပဲ )
တစ်နေ့တစ်ပင်
သူရစ်ခွင်လို့
ရင်ခွင်ကိုင်းမှာ
တစ်နေရာ စာသူယူသွားတယ် ။
( အသိုက်အမြုံ တစ်ခုရယ်ပေါ့ )
ဒီလိုနဲ့ အိပ်တန်းတက်ချိန်တွေ
မျှော်တတ်သူက .. ငါ
ရောက်မလာတတ်တဲ့အခါ
ရင်ထဲမှာ .. စစ်ခင်း
လမင်းတစ်စင်း တိမ်ဖုံးသွားတယ်
သြော် …
သူပျော်ရာ ကောင်းကင်ကျယ်သာ
ဖြစ်ခွင့်ရရင် .. ဆိုတဲ့အတွေး
ရင်ကို တကယ်ဆွေးသွားစေပါတယ် ။
ရင်ခွင်အိုကို နာကျင်စေလိုရင်တောင်
ငါမင်းကို ဘယ်တော့မှ မငြိုငြင်ပါဘူး ..
ငှက်ကလေးရေ …
မင်းမခြွေပေမဲ့
နွေကတော့ ငါ့အရွက်တွေ ခြွေမှာပဲ
မင်းမရှိရင်တော့
ဆောင်းက ငါ့အရွက်တွေ
ပြန်ဝေနိုင်မှာ မဟုတ်တော့ဘူး ..
တစ်နေ့နေ့မှာ အတောင်ဖြန့်ကျက်လို့
ငါ့ရင်ခွင်ရဲ့ ဆန့်ကျင်ဘက်တနေရာ
မင်းပျံသွားမှာ ငါစိုးတယ်
ငါနေ့တိုင်း ငိုနေပါတယ်
ငှက်ကလေးရေ …………… ။
လွမ်းလှိုင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
your poems are very nice !
i like all of your
try on !