ငါတကယ်မမုန်းခဲ့တာ
ငါအရမ်းမြတ်နိုးတဲ့မင်းကို
ပြုံးပြုံးလေးနဲ့
တပါးသူလက်ထဲအပ်ဖို့
ငါ့မှာသတ္တိမရှိလို့
ပိုင်ရှင်ရှိမှန်းသိတဲ့ မင်းကို
တခဏ သာ
ပိုင်ဆိုင်ဖို့ ငါ့မှာ
အင်အားမရှိလို့
မရယူနိုင်မှန်း
သေချာနေတဲ့ မင်းကို
ထာဝရပေးဆပ်ဖို့
ငါကြိုးစားလို့
မင်းနဲ့ မဆုံဆည်းအောင်
ကြိုးစားခဲ့တဲ့ ငါ
မင်းကိုလုံးဝ မမုန်းခဲ့တာ
မင်းသိရဲ့လား …။
လွမ်းလှိုင်း
Comment #3
ကဗျာတွေကိုကြိုက်ပါတယ်
အကောင်းဆုံးဆိုတာတွေကိုသာထပ်ထပ်ပြ။ီရေးနိုင်ပါစေ
Comment #7
မင်းနဲ့ မဆုံဆည်းအောင်
ကြိုးစားခဲ့တဲ့ ငါ
မင်းကိုလုံးဝ မမုန်းခဲ့တာ
မင်းသိရဲ့လား …။
ကြိုက်လို. copy လုပ်ခွင်.ပေးနော်
Comment #9
ကိုယ်တိုင်ခံစားခဲ့ရဖူးတဲ့ခံစားချက်လေးကို
ရေးဖွဲပေးလို့ကျေးဇူး
အများကြီးလည်းထပ်ရေးနိုင်ပါစေ
ကဗျာချစ်သူ
Comment #11
တွယ်တာသမျှ…ကွယ်၇ာလွင့်ပြေး ၊ ဝေး၇တော့မည် တသနှမျော ၊ ပျောမပြသာ သောကနာ၇ီ ၊ မျက်၇ည်ဝဲလို့ နှစ်ကိုခွဲဖို့၊ ငိုပွဲချုပ်ထိန်း သူစိမ်းကဲ့သို့ စိမ်းတဲ့၇ုပ်ဟန် ကိုယ်စီဖန်ဆင်း သက်ပြင်းမချ ပင့်သက်မလိုက် မငို၇ှိုက်ဘူး အချစ်ဦးေ၇ ကျောခိုင်းလိုက်စဉ် နွေ၇င်ပြင်ထိ ၇င်မှ့ဗလာ ဟာတာတာနွမ်း ခြေတစ်လှမ်းခြင်းေ၇ွ့လျား၇င်းနဲ့ ချစ်ခြင်းမျက်နှာ အသာငဲ့လွမ်း ဇာတ်သိမ်းခန်းမှာ ကမ္ဘာတစ်ခြမ်း ပျက်သွားပြီ။…း
Comment #12
de poem lay ka i yie khan sar ya tar ne;’ tu tu bae …….kyaike tal …..
Comment #14
nice.
Comment #15
ကဗျာနောက်ဆုံးအပိုဒ် လူကိုတည့်တည့်လာထိတယ်ဗျာ
အရမ်းချစ်တဲ့သူတစ်ယောက်ကိုတွေ့လိုက်တိုင်း ကွေ့ပတ်ပြေးနေရတာ မောတယ်ဗျနော်
ဒီကဗျာမှာ ခံစားချက်တွေအနည်းအကျင်းတိုက်ဆိုက်သွားပါကြောင်း
အားပေးသွားပါကြောင်း
ကဗျာသစ်များလည်း အဆင်ပြေရင်တင်ဖို့တိုက်တွန်းပါကြောင်း ။
Comment #16
ko x-ray ta tin kyay nyar nay par kyaung,,,,,,,,,,
he,,he,,,
Comment #1
ခံစားချက်နဲ့ ကွက်တိကှအောင်
ဘယ်လိုများ ရေးလိုက်လဲ ကဗျာဆရာရယ်……း(