သူငယ်တန်း (မင်းခိုက်စိုးစန်)
(၁)
“အချစ်” ဆိုတဲ့ စကားလုံးကို
ရေးတတ် ဖတ်တတ်တယ်ဆိုရုံလေး
မင်းက သင်ကြားပေးလိုက်တယ်
(၂)
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ ?
(၃)
လွမ်းနေရတာကိုက
အမှားကို နှစ်ကိုယ်ခွဲနေရသလိုပဲ၊
(၄)
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့သူသာ ဖြစ်တယ်လေ …။
မင်းခိုက်စိုးစန်
Sept 2002
———————————————
ဤကဗျာများအား စုစည်းပြီးပေးပို့သော ဆရာ ခွန်းချိုငြိမ်းချမ်း နှင့် တင်ဖို့အတွက် ခွင့်ပြုချက်ပေးသော ဆရာမင်းခိုက်စိုးစန်အား poemscorner မှ အထူးကျေးဇူးတင်ရှိပါသည်။
Comment #3
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့သူသာ ဖြစ်တယ်လေ …
By: သျှင် ငြိမ်း ချမ်း at Jan 30, 2014
Comment #4
နေ့စဉ်သုံး ဝေါဟာရ တွေ နဲ့ ဖွဲ့ ထားလိုက်တာ အကြိမ် ကြိမ် ပြန်ဖတ်နေမိတယ် ….
By: သျှင် ငြိမ်း ချမ်း at Jan 30, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
very good