သပွတ်အူဝင်္ကပါ (ဆူးနစ်ရင်)
အဲဒီ ၀င်္ကပါထဲမှာ
ကုန်းမြေက ရုန်းမထွက်နိုင်တဲ့ ပင်လယ်ရယ်
ပင်လယ်က ရုန်းမထွက်နိုင်တဲ့ မြစ်ရယ်
မြစ်က ရုန်းမထွက်နိုင်တဲ့ စီးဆင်းမှုရယ်
စီးဆင်းမှုက ရုန်းမထွက်နိုင်တဲ့ အချိန်ကာလရယ်
အချိန်ကာလက ရုန်းမထွက်နိုင်တဲ့ လူသားရယ်
လူသားက ရုန်းမထွက်နိုင်တဲ့ မသိမှုရယ်
မသိမှုက ရုန်းမထွက်နိုင်တဲ့ စကားလုံးရယ်
စကားလုံးက ရုန်းမထွက်နိုင်တဲ့ ကဗျာရယ်
ကဗျာက ရုန်းမထွက်နိုင်တဲ့ ကဗျာဆရာရယ်
ကဗျာဆရာက ရုန်းမထွက်နိုင်တဲ့ လောကရယ်
လောက က ရုန်းမထွက်နိုင်တဲ့ ငါ ရယ်
ငါ က ရုန်းမထွက်နိုင်တဲ့ ကျွန်တော်ရယ်
ကျွန်တော်က ရုန်းမထွက်နိုင်တဲ့ ၀င်္ကပါရယ် . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . ။ ။
ဆူးနစ်ရင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စကားလုံးက ရုန်းမထွက်နိုင်တဲ့ ကဗျာရယ်…။
ဘ၀မှာ
ဒီ စကားလုံးတွေကိုပဲ အဖန်ဖန် သုံးနှုန်းရင်း
တစ်ချို့နေရာတွေမှာ အကြိမ်ကြိမ် ကျရှုံး
တစ်ချို့နေရာတွေမှာ ….။
ဘ၀ဟာ တစ်ချက်တစ်ချက် ၀င်္ကပါ…
ဘ၀ဟာ တစ်ချက်တစ်ချက် နေချင်စရား)