“နယ်ချဲ့”
သိမ်းပိုက်ခံလိုက်ရပြီ
ငါ့..နှလုံးသားနယ်မြေသစ်တစ်ခု
အချစ်ဆိုတဲ့ တိုက်ပွဲမှာ
အလှ ဘုရင်မတစ်ဦး၏
တန်ခိုး မာယာကြောင့်
အခုတော့ ငါ့မှာ…
အလွမ်းဆိုတဲ့ ကန္တာရမှာ
အထီးကျန်ခြင်း လက်နက်နဲ့
ခိုလုံမှု သရဖူဆောင်းနေရပြီ…။ ။
ကိုသီဟ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service