သေရာပါမဲ့အချစ်
မော့မကြည့်ခဲ့တာ မဟုတ်ဘူး
မျက်ဝန်းဆီက နှောင်တွယ်ရိပ်
မင်းတွေ့မှာ စိုးခဲ့တာ။
မလှမ်းခဲ့တာ မဟုတ်ဘူး
ကမ်းလာတဲ့ လက်တစ်စုံကို
ဖမ်းမဆုပ် ရဲခဲ့တာ။
ဘယ်အရာတွေက မဖြစ်သင့်လို့
ငါတို့က အချစ်သင့်နေရတာလဲ။
ရှေ့တစ်လှမ်း တိုးခဲ့ရင်
ဆက်ဆက်နစ်ကျွံမဲ့ အချစ်နွံမို့
ခြေလှမ်းကို နောက်ပြန်ဆုတ်တော့
နှလုံးသားက သည်းသည်းလှုပ်ငိုတယ်။
ကံဇာတ်ဆရာရဲ့ စေစားချက်မှာ
ရုပ်သေးသက်သက်ပဲ ဖြစ်ခဲ့တာမို့
ဆိုးရွားတဲ့ ဒီကြမ္မာကိုသာ
အပြစ်ဖို့ချင်ဖို့ပါတော့။
ကိုယ်တိုင်ကတော့……..
သေရာပါမဲ့ ဒီအချစ်တစ်ခုနဲ့
မနက်ဖြန်ပေါင်းများစွာကို
မင်းမပါပဲ ဆက်ရှင်သန်ရဦးမယ်။
Comment #2
so nice.

Comment #3
ဟုတ်ကဲ့ ။ အားပေးတဲ့အတွက်ကျေးဇူးပါ။

Comment #4
မလှမ်းခဲ့တာ မဟုတ်ဘူး
ကမ်းလာတဲ့ လက်တစ်စုံကို
ဖမ်းမဆုပ် ရဲခဲ့တာ။
ဒီစာသားအရမ်းမိုက်တရ်
ဘာဖြစ်လို့လဲဟင်သူ့လက်မှာဘာရှိနေလို့လဲဟင်……………

Comment #5
si powerful
really perfect both title & poem

Comment #6
🙂

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
~~~ ဘယ်အရာတွေက မဖြစ်သင့်လို့
ငါတို့က အချစ်သင့်နေရတာလဲ။
ရှေ့တစ်လှမ်း တိုးခဲ့ရင်
ဆက်ဆက်နစ်ကျွံမဲ့ အချစ်နွံမို့
ခြေလှမ်းကို နောက်ပြန်ဆုတ်တော့
နှလုံးသားက သည်းသည်းလှုပ်ငိုတယ်။ ~~~
ဒီနေရာလေးကို တော်တော် ကြိုက်တယ်
တကယ်တောင် ငိုချင်နေတယ်
တပုဒ်လုံးလည်း ကြိုက်ပါတယ်