အားလုံးအသင့်ပြင် (သုခမိန်လှိုင်)
အငြိမ့်ရှိတယ်
လှည်းနဲ့နွားပြင်
အငြိမ့်ရှိတယ်
ဖျာနဲ့စောင်ပြင်
အငြိမ့်ရှိတယ်
ရေနွေးကြမ်းနဲ့မြည်းစရာပြင်
အရီးလေးလည်း မကျန်စေနဲ့
ဘဒွေးလည်း မကျန်စေနဲ့
မိအေးလည်း မကျန်စေနဲ့
အငြိမ့်ရှိတယ်
နှလုံးသားပြင်
ကဗျာဆရာ သုခမိန်လှိုင် ရဲ့ အငြိမ့် ကဗျာစာအုပ်ကပါ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service