ဟာလာဟင်းလင်း (သုခမိန်လှိုင်)
အငြိမ့်ရှိတယ်
အငြိမ့်ဆိုတာဘာဝပါ
ဘ၀ဆိုတာ အရိပ်ကို အရောင်ထင်
အနုပညာပါတော့ ငြိသွားတယ်
ရယ်မောစရာတွေနဲ့ တန်ဆာဆင်ပြီး
ပွဲပြီးလို့ အိမ်ပြန်တော့မှ
ဟာလာဟင်းလင်း
ကွင်းပြင်ကြီးပဲ ကျန်ခဲ့တယ်
သုခမိန်လှိုင်
ကဗျာဆရာ သုခမိန်လှိုင် ရဲ့ အငြိမ့် ကဗျာစာအုပ်ကပါ။
Comment #2
နွေကိုရေးထားတာလဲ ကောင်းပါတယ်ဗျာ ထပ်ရှင်းထားသလိုပါပဲဗျ
ကျွန်တော်မနေ့က လှော်ကားရောက်သွားတယ်ဗျ
ရောက်သွားတော့
အဲဒီမှာလူတွေက သနားစရာ တိရိတ်စန်တွေနောက်ခံထားပြီး ပျော်ပျော်ကြီး ဓါတ်ပုံရိုက်နေကျတယ်ဗျ
ပျော်ပျော်ကြီး ရိုက်နေကျတယ်လူတွေကလေ
ဟားဟား
ဓါတ်ပုံတွေလေ
အဖမ်းခံထားရတဲ့သနားစရာရေမြင်းလေးနဲ့လေ
ဒါနဲ့ပဲကျွန်တော်ကဒီကဗျာလေးရေးလိုက်ပါတယ်
ငါတို့ဓါတ်ပုံရိုက်ကျမယ် ဥယျာဉ်ထဲက ရေမြင်းလေးကိုနောက်ခံထား ငါတို့ဓါတ်ပုံရိုက်ကျမယ် ငါတို့ဓါတ်ပုံလေးတွေကြည့်ကောင်းတဲ့ထိ ရေကန်ကျဉ်းကျဉ်းလေးထဲက ရေမြင်းလေး ပျော်လာသည်ထိ ငါတို့ဓါတ်ပုံလေးတွေရိုက်ကျမယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟာလာဟင်းလင်းကြီးဖြစ်သွားတော့မှ ပွဲပြီးမှန်းသိတဲ့အခါ….
ပွဲပြီးလို့မှ အိမ်ပြန်မရောက်နိုင်တဲ့ အခါ…
တန်ဆာဆင်စရာ ရယ်စရာတွေ မောစရာဖြစ်နေတဲ့ အခါ..
အနုပညာမှာ ဘ၀ဆိုတာ ပါလို့ မရတော့တဲ့အခါ..
အငြိမ့်ဆိုတာ ဘ၀မရှိတော့တဲ့ အခါ…
ဟာလာဟင်းလင်းထဲမှာ …..