တန်ဖိုးမဲ့အချစ်
ကြာရင်မေ့သွားမှာပါတဲ့လား………..
ဒီစကားတစ်ခွန်းနဲ့
ငါ့အချစ်ကိုဈေးနှိမ်ခဲ့တယ်
လက်တွေ့မကျပေမယ့်
ရင်ထဲကအချစ်တွေကို
ငြင်းဆန်ဖို့အင်အားမဲ့ခဲ့တယ်
လှောင်ရီသံတွေနဲ့
ဟားတိုက်ခံရမှာကိုသိရက်နဲ့
တားဆီးမရတဲ့အချစ်တွေကို
ဖွင့်ထုတ်မိတဲ့
ငါ့ကိုယ်ငါမုန်းတယ်……….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
““““လှောင်ရီသံတွေနဲ့
ဟားတိုက်ခံရမှာကိုသိရက်နဲ့
တားဆီးမရတဲ့အချစ်တွေကို
ဖွင့်ထုတ်မိတဲ့
ငါ့ကိုယ်ငါမုန်းတယ်……….။ ““““
ဒီနေရာလေးကို ကြိုက်တယ် ..