အပြုံးဥယျာဉ်
အပြုံးတစ်ပွင့်နဲ့
ပန်းများပွင့်စေသူ
ပန်းခင်းကြီးတစ်ခုဖြစ်ဖို့
ခါးသက်သက်အရှုံးတွေကို
နာကျည်းစွာမြိုချ
လိုတမရတဲ့နှလုံးသား
အပြုံးများစွာကို မြတ်နိုးစွာနဲ့
တယုတယ သိမ်းဆည်းထားမယ်
ပြုံးလိုက်စမ်းပါချစ်သူ
မင်းပြုံးတိုင်းနာကျင်ရပေမယ့်
မင်းအပြုံးတွေကိုငါချစ်တယ်………..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပြုံးလိုက်စမ်းပါချစ်သူ
မင်းပြုံးတိုင်းနာကျင်ရပေမယ့်
မင်းအပြုံးတွေကိုငါချစ်တယ်………..။