မလှုပ်သောနေ့များ
မြို့ကိုလွမ်းတာလား?
လူမကလေးကိုလွမ်းတာလား?
စိတ်ဟာ အသိရခက်လိုက်ပုံ။
တမြေ့မြေ့နဲ့  ရယ်
လုံးပါးပါး ဆွေးမြေ့ကုန်ခဲ့ တာလား?
ဒါမှမဟုတ်
ပိုးတုံးလုံးကလေးလို လိပ်ပြာလှလှ တောင်ပံတစ်စုံ ရဖို့
အချိန်ပိုပြီး ကြာကြာကြီးရယ် စောင့်နေရတာလား?
ဆိတ်ငြိမ်။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service