ဟိုရေးဒီခြစ် ကဗျာဖြစ် :P
ဘလော့ဂ်ဖို့ကြိုးစားနေတာကြာခဲ့ပါပြီ… ဘယ်လောက်ကြာပြီလဲဆိုတော့ နောက်ဆုံးပို့စ်တင်ပြီးထဲကပဲ 😛 စိတ်ထဲမှာလဲ ရေးချင်တာတွေများပြီး ဘာရေးရမှန်းကိုမသိတော့ဘူး… အဲဒါနဲ့ပဲ ကိုယ့်တစ်ယောက်ထဲနဲ့ ညှိမရတော့ မတင်တော့ဘူးဆိုပါတော့ 😀
ဒီနေ့တော့ အကြောင်းကြောင်းကြောင့် ကျောင်းခန်းထဲမှာ စာသင်ရင်းနဲ့ ရေးဖြစ်သွားတယ်… ပေါက်ကရလေးဆယ် 😛 ဖတ်ကြည့်ပါဦးကွယ်…
တစ်ခါတစ်လေလည်း
ဟန်ဆောင်ရတာပဲ
မြင်နေလည်း
ကန်းသယောင်နဲ့
ငါ့နှလုံးသားကတော့
ငါ့ကိုလှောင်တယ်…
ယောင်လို့တောင်
ပြုံးမပြရဲတော့လည်း
ကြောင်တောင်တောင်
မျက်နှာပေးနဲ့
တစ်ဖက်လေးကိုငေးလို့
ခက်ဝေးဝေးကိုပဲ
ပြေးခဲ့မိတယ်…
သတိရရဲ့လားလို့တော့
ယောင်လို့တောင်
မမေးစေချင်ဘူး
မအေးမြတဲ့
အတွေးတွေအတွက်
ပေးသမျှနဲ့
ငါမကျေနပ်လည်း
အဆွေးသမားလို့တော့
ကိုယ့်ကိုယ်ကိုနာမည်မတပ်ခဲ့…
နေမဝင်ဖူးတဲ့ရက်တွေ
လက်တွေအတူတွဲခဲ့လည်း
မခွဲရက်တဲ့အခြေရောက်မှ
နောက်တစ်ခေါက်မရှိနိုင်တော့ဘူးတဲ့လား…
အချိန်ပြည့်သတိမရမိပေမယ့်
တိမ်တွေအောက်က
လျှောက်နေကြလမ်းရောက်တိုင်း
သူတစ်ယောက်ဘယ်ပျောက်နေမှာလဲလို့
တစ်ကြိမ်တစ်ခေါက်တော့
စဉ်းစားမိပါရဲ့…
အကြိမ်တစ်ထောင်လောက်သာ
ပြည်ဖုံးကားချခွင့်ကိုပေး
အတည်ပေါက်နဲ့
ဒီတစ်ယောက်အကြောင်း
ယောင်လို့တောင်မတွေးတော့ဘူး… မှတ်ထား… 😛
ဒါ EMS ကွ…
Comment #8
ကဗျာ အစက မိတယ်
အလယ်က ထိတယ်
အဆုံးရောက်တော့ ငြိတော့မလိုလိုနဲ့ ဟာကျန်ခဲ့တယ်ဗျာ …..
Comment #10
ပြန်ဖတ်ချင်လို့ ကူးထားတယ်နော်
Comment #1
ဟဲ့.. အစကတော့ အဟုတ်ကြီး.. အဖြားရှုးသွားပါလားကွ.. ဟာသ..
မိုက်သဗျာ.. လန်းတော်မူတယ်.. ခိုက်ခိုက်တုန်သွားပြီကွယ်.. အီးအီးရယ်.. အဟိ.. မွမွ