ဧည့်သည်
စိတ်ထောင်းကိုယ်ကြေ
ကိုဘငွေ
စိတ်ပျိုကိုယ်နု
မချစ်စု ။
မချစ်စုနဲ့  ကိုဘငွေ
မကြာ မကြာ လာကြပေ ။
ငါ့အိမ်တွခါး
ဖွင့်၍ထား
သွားလာလည်ပတ်နိုင်စေသား ။
သူတို့ လာက
ဧည့်ခံရ
ငိုရ ရယ်ရ ငါ့ဘ၀ ။
မည်သို့ ဖြစ်စေ
ငါစိတ်ပြေ ။
ဧည့်သည်ဆိုတာ
နေခဏ
အချိန်တန်က
ပြန်မည်ပ ။
မောင်နွေအေး ၊ စရဏ 2/2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အိမ် တံခါးဝမှာ ကိုဘငွေ မ၀င်ရ လို့  စာဆွဲထား ကောင်းမလား မသိ 😛