မြစ်ကျိုးအင်း (ဆူးနစ်ရင်)
မီးခိုးမဆုံး မိုးမဆုံး
အိပ်မက်တွေကြားက
ခုတော့ ဘ၀ မှာ
မီးခိုး လည်း တိတ်
မိုးလည်း ဆိတ်ခဲ့ပြီ။
ညီမလေးရေ . . .
လေနှင်ရာကို လွင့်ရဦးတော့
တိမ်တွေရဲ့ သဘာဝကို အားကျတယ် . . .
ပင်လယ်မှာ စတေးရဦးတော့
မြစ်တို့ရဲ့ အလှကို တမ်းတတယ် . . .
အတောင်သာလျှင် ၀န်ရှိကြတဲ့
ငှက်တို့ရဲ့ ဘ၀ ကို တောင့်တတယ် . . .
ညီမလေးရေ . . .
လှောင်အိမ်အထပ်ထပ်ကြားက
ငှက်တစ်ကောင်ဟာ . . .
ဘယ်ကို ဘယ်လိုပျံသန်းနိုင်မှာလဲ
မျှော်လင့်ခြင်းတွေ ပုပ်သိုးပြီး
အိပ်မက်အသေတွေ အနည်ထိုင်နေတဲ့
မြစ်ကျိုးအင်းတစ်စင်းဟာ . . . ငါ ။ ။
ဆူးနစ်ရင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service