ဘုရားစူးကဗျာ
ကဗျာရေးဖို့
အကြောင်းရာရှာ
ရေရေရာရာ
မတွေ့ပါ…
ခံစားချက်များ
များလွန်းလှ
နောက်ဆုံးတော့လည်း
ပျောက်ဆုံးကြ…
သီချင်းရေးဖို့လည်း
ကြိုးစားပြန်
သံစဉ်များက
လွင့်လို့ပျံ…
Gtalk မှာလာ
တွန်းအားပေး
အဲဒါဘယ်သူလဲ
အရဲလို့တွေး… 😛
ဒီနေ့တင်မယ်
ကတိပေးကာ
တစ်ပုဒ်လောက်ရေးဖို့
တွေးလို့ကာ…
ဖြစ်ညှစ်ထုတ်တော့
နည်းနည်းထွက်
ဟောဒီကဗျာ
ငါ့လက်ချက်…
ဖတ်ပြီးသွားရင်
Comment ပါ
ဘယ်လိုနေလဲ
သိချင်တာ…
ပေါသောကဗျာ
ငါပဲရေး
ငပေါများသာ
လာအားပေး…။
ဒန်တန့်တန်
ပြီးပါပြီ 😛
Comment #13
ဘုရားစူးဆိုတာ ဘာကိုဆိုလိုတာလဲမသိဘူး … ကဗျာ မဟုတ်လား … ကောင်းပါတယ် … ဘုရားစူးတော့ မဟုတ်ပါဘူး … သူ့ဟာသူတော့ ကာရံလိုက်နေသားပဲ … စာပေအမျိုးအစားထဲမှာ ခေတ်နဲ့လိုက်လျောညီထွေမှုအရှိဆုံးက ကဗျာပဲ … ကောင်းပါ၏။
Comment #18
ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
ဒါ ငပေါဂေဟာရဲ့ဆောင်ပုဒ်လားလို့နော် … ။
Comment #19
ဟဲဟဲ …….. အချစ်ကြောင့်ပေါတာလား …….. သိပါရစေဗျာ
Comment #21
ဆွဲချသူဆီ နောက်တစ်ခေါက်
Comment #22
ummm
ha.ha.
😛
i like poem & comment 18 and 20
Comment #1
ဒါပဲ… “ငပေါများသာလာအားပေး…” ဆိုတဲ့အတိုင်း
အားပေးတယ်ကွာ… အရမ်းကြိုက်သွားပြီ