တွေး…………….
နွယ်မြက်သစ်ပင်၊ဆေးဘက်ဝင်အောင်
သစ္စာတစ်ခုခုနဲ့ ဆောင်တယ်တဲ့………
ငါနားကို
ငါ့ မျက်စိကိုပွတ်သပ်ဖြဲရဲကြည့် တယ်
အလို…………….
ဆေးဖက်ဝင်သော
မွဲခြောက်ခြောက်စံစားမှု့ တွေနဲ့ 
ဂတိသစ္စာကိုခပ်တည်တည်အရည်ကျိုသောက်နေတဲ့ လောက
မိုးလင်းမိုးချုပ်
လူးလားခေါက်ပြန်
ဆန္ဒအမှန်တွေကိုအဖုံးထူထူပိတ်ပြီး
ရေခဲစိမ်တဲ့ အပြုံးသစ်တွေနဲ့ 
နည်းပညာတွေပေါင်းစုံကြားမှာ
ပျောက်ဆုံလုသောခံစားချက်ရုပ်လုံးကို
ငါ့ ဖာသာပဲပုံဖော်လိုက်တော့ တယ်
မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service