ပန်းနဲ့ပေါက်ခံရတဲ့ည
ငါ့အနာတွေက ညည်းညူနေကြတယ်
မြို့ပြမှာသာတဲ့လဆိုတော့လဲင
ါးရိုးနင်ရှာတာပေါ့
အမှားတွေကလဲ ပေါ်တလှည့်ပျောက်တလှည့်
ငါမြည်တမ်းလိုက်တာရိုးသားသွားလား
ငါ့မှာအပျင်းပြေကျောချခံရဖို့တောင်
ဓားပြမရှိပါဘူး အိမ်အောက်ကလှေကားထစ်လေးတောင်
ငါ့သနားလို့
မင်းကသာပန်းနဲ့ပေါက်လိုက်တာ
ရင်ထဲမှာကျည်ဆံရာဗလပွ
ခေါင်းအုံးလေးပျောက်လို့ရှာလိုက်တာ
ငါအိမ်မက်ထဲမှာတည့်တည့်တိုးတာပဲ
ကျနော်ကိုအပြစ်မတင်ပါနဲ့
အချစ်မှာမျက်စိမပါလို့
မျက်ကြည်လွှာအလှူခံလိုက်တယ်
အဲဒါလည်းကြောင်တောင်ကန်းပါပဲ
အရွယ်ရောက်လာတော့လဲ
ငါခမျာသူခိုးအကြီးစားဖြစ်လို့
ဟုတ်ကဲ့
ကျနော်
သူ့အကြည့်တွေလိုက်ခိုးနေပါသည်
Comment #3
နောက်ဆုံးစာသားလေးကြိုက်တယ်
By: ကြယ်စင် at Jul 28, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နောက်ဆုံးစာသားလေးသဘောကျလို့….