တမ်းတ
(ဗွက် အိုင်ထဲက ငါတို့ကို
သူရဲ့ ညာလက်နဲ့ဆွဲတင်ပြီး
သူရဲ့ ဘက်လက်နဲ့ ရေချိုးပေးခဲ့
ဘာအတွက် လက်အပေခံ ခဲ့သလဲ
ဘာအတွက်များ ရေအစိုခံခဲ့သလဲ)
သူရဲ့အရိပ်
သူရဲ့ အငွေ့သက်
သူ့အတွက် တေးဘွဲ့
ကမ္ဘာတည်သရွေ့
ငါတို့မေ့နိင်ကြပါ့မလား
ငါတို့ရဲ့ ………….
အာဇာနည်။
ငါတို့အနက်ရောင်တွေ ၀တ်ဆင်နေမယ်
ငါတို့ ဦးခေါင်းတွေ ငုံ့ထားမယ်
ငါတို့ ဖိနပ်တွေ ချွတ်ထားမယ်
အလေးပြူခွင့်ပေးပါ
တမ်းတခွင့်ပေးပါ
ငါတို့……..
နှမြောလို့မဆုံးဘူး။ ။
နေသွေး(ဘရာဗို)
ဗိုလ်ချူပ်အောင်ဆန်း အား ဂုဏ်ပြူရေးဖွဲ့ပါသည်။
(အာဇာနည်နေ့အထိမ်းအမှတ်)
Comment #2
မိုက်တယ်..အလေးပြုခွှင့်ပေးပါ..

Comment #3
အရမ်းကြိုက်ပါတယ်၊ကိုနေသွေးကိုအရမ်းကျေးဇူးတင်ပါတယ်။နောက်လည်းအဲလိုကဗျာတွေဖတ်ချင်ပါသေးတယ်၊

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဒီမှာ ဒီလိုကဗျာတွေ မျှော်လင့်နေတာ အတော်ကြာပြီ ကို နေသွေးရေ..
ဒီနေ့အတွက် ဒီ ကဗျာက နောက်ဆုံးဖတ်မိတဲ့ ကဗျာပဲ..။ ဒါပေမဲ့ အရမ်းကြိုက်တယ်ဗျာ
ဒါပေမဲ့ ဆိုးရွှားစွာနဲ့ ကျွန်တော့်တို့ က
ဗွတ်အိုင်ထဲ ပြန်ကျနေသလို
လွတ်လပ်စွာလည်း အလေးပြုခွင့် မရှိဘူးဗျ..။
သခင်အောင်ဆန်းအတွက် ရေးတဲ့ကဗျာက
အဖွဲအနွဲကအစ အပို
အလိုမရှိ…ပဲ…လေးလေးနက်နက်တွေးတောခံစားရတယ်ဗျာ..။
ဖြစ်နိုင်ရင်..ပေါ့………….
နောက်များလည်းမျှော်လင့်လျက်
(ဗိုလ်ချုပ်) သခင်အောင်ဆန်း ချစ်သူ၊လေးစားသူများအား…
ထာဝစဉ်လေးစားလျက်
အငွေ့