ငုဝါတမ်းချင်း (၁)
ငုဝါရေ
ကြမ်းပြင်ပေါ် လူးလိမ့်
ဆေးလိပ်တိုတလိပ်နဲ့
အိပ်မပျော်ဖြစ်ခဲ့တဲ့ ညမှာ
ဒီ ကဗျာကို ငါရေးတယ်
ဖြစ်သလို နေတော့လဲ
နေသလိုဖြစ်တာပါပဲ ငုဝါရယ်
ဘာကြောင့် ၀မ်းနည်းရမှာလဲ
ဘ၀ဟာ လောင်းကစားဝိုင်းမှ မဟုတ်တာ
အလျော်အစားတွေ မပြောပါနဲ့
ငါက ကံကို လောင်းကြေး မသတ်မှတ်တတ်ဘူး
ငါ ယုံကြည်ရာ ငါလုပ်
အနေစုတ်ပေမဲ့
ဘ၀ရဲ့ နယ်ရုပ်တော့ ငါမဟုတ်ဘူး
မင်းသိရဲ့လား ငုဝါ
ငါက
ဘီလူးကြမ်းစီးတဲ့ လမ်းမှာတောင်
ပန်းအိပ်မက် ထမ်းပြန်ဝံ့တဲ့ကောင်ပါ
ငါ စာတအုပ် ဖတ်တယ်ငုဝါ
စက်ဝိုင်းဟာ မျဉ်းဖြောင့်တွေနဲ့ ဖွဲ့စည်းတယ်တဲ့
အဲဒီကတည်းက
ငါဟာ အလျားလိုက်ရှင်သန်တော့တယ်
( အခု အချိန်ထိဆိုပါတော့ )
ခြေထောက်နဲ့ လမ်းရှိရင်
ငါ လမ်းလျှောက်နိုင်ပြီ
ဖိနပ်တွေကို ပြခန်းမှာ စီထားလိုက်တော့
အောက်ကနေ မော့ကြည့်တော့လဲ
ဟိုး အမြင့်က မသဲမကွဲပါဘဲ
ဒါနဲ့များ ငါ့ကို မမြင်ရဘူးတဲ့
မာနမျှော်စင်ပေါ်က ဆင်းခဲ့ပါ ငုဝါ
ငါ မင်းကို ကဗျာရွတ်ပြဖို့ သဘောတူမယ်
သူငယ်ချင်း တယောက်က ပြောတယ်
အချစ်နဲ့ငွေ ဘယ်ဟာ အရေးကြီးလဲတဲ့
ငါကတော့ ပြုံးပဲပြခဲ့တယ်
သူက နားမလည်ဘူး
တကယ်တော့
ငါကိုယ်တိုင်လဲ နားမလည်ခဲ့ပါဘူး ငုဝါ ။ ။
Comment #3
ပန်အိမ်မက်တွေနဲ့ မိုးခေါင်နေတဲ့ နေပြည်တော် စိုပြေပါစေ 😛
Comment #5
ကောင်းပါတယ်ဗျာ
Comment #6
ကဗျာတွေသိပ်ကောင်းတယ်
အားလုံးနီးပါးဖတ်သွားတယ်
အချိန်လဲတော်တော်စားသွားတယ်ဟဲဟဲ
အားကျတယ်ဗျာ
အမြဲအားပေးနေပါတယ်
ပညာယူရင်းပေါ့ဗျာ
Comment #8
အောက်ကနေ မော့ကြည့်တော့လဲ
ဟိုး အမြင့်က မသဲမကွဲပါဘဲ
ဒါနဲ့များ ငါ့ကို မမြင်ရဘူးတဲ့
မာနမျှော်စင်ပေါ်က ဆင်းခဲ့ပါ ငုဝါ
ငါ မင်းကို ကဗျာရွတ်ပြဖို့ သဘောတူမယ်
Comment #1
ကိုချီရွန်ရေ..
ငါက
ဘီလူးကြမ်းစီးတဲ့ လမ်းမှာတောင်
ပန်းအိပ်မက် ထမ်းပြန်ဝံ့တဲ့ကောင်ပါ..
ဆိုတာကို quote ယူသွားတယ်