ညကြေးမရကြသူများ (ဆူးနစ်ရင်)
ပေါ့ရွှတ်ရွှတ် နေ့ရက်များ . . .
အဲဒီ နေရောင်ခြည်ကလည်း
ဘာသိဘာသာ နိုင်လွန်းတယ်
ဟောဒီ လောကမှာတော့
အဝေးပြေးကားဂိတ်က
ကိစ္စ ၀ိစ္စ တွေလို
ကိုယ့်မြင်း ကိုယ့်လှေတွေနဲ့ . . .
ပူလောင်လှချည့်ရဲ့
ဇာတ်ညွှန်းရေးပြီးသား ပြဇာတ်မှာ
အားလပ်ချိန် မပါဘူး တဲ့
အကြောင်းနဲ့အကျိုးမှာ မျောပါရင်း
အိပ်မက်ကို ဆန့်ထုတ်ပြီး အသက်ငင်နေသူတွေ
သူလိုကိုယ်လို ရင်ခုန်သံတွေ
သိုက်တူးဖို့ ဘနဖူး လိုက်ရှာနေသူတွေ
လရောင်ငင်နေတဲ့ ပန်းတွေ
ကိုယ်မာဖို့ ဘယ်သူသေမလဲ မေးတဲ့ ငတေတွေ
သူများအသိုက် ဥတတ်နှိုက်ဖို့ ကြံစည်နေသူတွေ
ဘယ်မှာ ဆားချက်ရမလဲ ရှာနေသူတွေ
ကြိုးတန်းလန်းနဲ့ ထွက်ပြေးနေသူတွေ
. . . . . . . . . . . . . . . . . . . . . . . . .
အဲဒီလိုနဲ့
ည ဟာဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်ရှိလာပါတော့တယ် ။ ။
ဆူးနစ်ရင်
Comment #3
သိုက်တူးဖို့ ဘနဖူး လိုက်ရှာနေသူတွေ
လရောင်ငင်နေတဲ့ ပန်းတွေ
ကိုယ်မာဖို့ ဘယ်သူသေမလဲ မေးတဲ့ ငတေတွေ
သူများအသိုက် ဥတတ်နှိုက်ဖို့ ကြံစည်နေသူတွေ
ဘယ်မှာ ဆားချက်ရမလဲ ရှာနေသူတွေ
ကြိုးတန်းလန်းနဲ့ ထွက်ပြေးနေသူတွေ
(အရမ်းကြိုက်ပါသည်)
Share ခွင့်ပြုပါခင်ဗျာ 🙂
Comment #1
ဆားချက်ခြင်းနဲ့ ဦးနှောက်ဖောက်စားခြင်း၏ အဝေးတစ်နေရာမှာ သွားနေဖို့ စိတ်ကူးသောတခဏ…
???
ဒီ ကဗျာကို ပြန်လာဖတ်မိမယ် ထင်တယ်