ဒါဏ်ရာတွေပေးခဲ့တဲ့ ဇူလိုင်မိုး
သတိရခြင်းတွေ ပိုင်ဆိုင်ခွင့် ရှိတဲ့ဘ၀တွေမှာ
သူ့ကို ငါ ထာဝရ သတိရချင်တယ်……………..မိုးရယ်။
မိုးရယ်…….
မင်ကိုငါကြည့်ပြီး ရေးဖွဲကထားတဲ့
အချစ်ကဗျာ…….
သူရှိတဲ့ နေရာတိုင်းမှာ ရှာဖွေမိတဲ့
သူ့ရဲ့ ခြေရာ
တမ်းတရက်တွေ ရှည်လျားစေတဲ့
ဇူလိုင်လရဲ့ မိုးရာသီတိုင်းမှာ
ငါ့အနားမှာ သူမရှိတော့တာကလွဲရင်
ဇူလိုင်မိုးကတော့ ရွာနေဆဲပဲကွယ်။
”သတိရခြင်းဆိုတာ တစ်ဖတ်သတ်ဆန် ဝေဒနာလား”’
သူ့ရင်မှာ
ငါ့အတွက် နေရာမရှိမှန်းသိရက်နဲ့
နိုးစက်ကြွေတိုင်း သတိရတတ်ခဲ့တာပါ။
ငါ့ရင်မှာ
သူ့အတွက် နေရာရှိဆဲဆိုတာတော့
သိစေချင်တယ် မိုးရယ်။
အမှတ်တရတွေမှာ ဒဏ်ရာတွေမရခဲ့ရင်ကောင်းမယ်
တစ်ဖတ်သတ် ဆန်တယ်ဆိုတာ
ဒဏ်ရာ အနာတရများတယ်ဆိုပေမယ့်
နှလုံးသားတစ်ခုရဲ့ စစ်မှန်သော ချစ်ခြင်းမေတာကို ငဲ့ညှာ
သူ့ကို ငါ ထာဝရ
သတိရတတ်ခဲ့တာပါ…………မိုးရယ်။
written poem by komyo love
ကျွန်တော်က ခုမှကဗျာစရေးတာဆိုတော့ လိုအပ်တာလေးတွေရှိရင် ဝေဖန်အကြံပေးကြပါလို့ မေတာ ရပါခံပါတယ်။
အခုလိုဝင်ရောက်ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်.း ကျွန်တော့်ရဲ့ email ကတော့ boy.handsome883@gmail.com
Comment #2
arr pay twar par d

Comment #3
ဆက်ကြိုးစားပါ။ တဖြည်းဖြည်းတိုးတတ်လာမှာပါ။

Comment #1
အမှန်အတိုင်း ဝေဖန်မယ်နော်….handsome883@gmail.com စပ်ထားတဲ့ ကဗျာ စာသားတွေက…ရွတ်ဆိုရတာ နဲနဲထောက်နေတယ်…..မလိုတဲ့စာသား….တွေေ၇ာနေတဲ့အတွက်..ဖတ်တဲ့သူအတွက် .ဆိုလိုရင်း ကို တိုက်ရိုက်နားလည်ဖို့…နောက်ကျနေတယ်….ကဗျာဆိုတာ….ကာရံလည်းကျရမယ်…စာသားကို တိုတို နဲ့ ဆိုလိုရင်း ကို လှပစွာ ဖွဲ့နွဲ့ နိုင်ရမယ် မဟုတ်လား….ပြီးတော့ သုံးပြီးသား အသုံးအနှုန်းတွေ ထပ်ပြီး သုံးထားတဲ့ အတွက်…ကဗျာ..ရဲ့ အနှစ်သာရ ကို ပေါ့သွားစေတယ်…(.ဥပမာ…အောက်ဆုံးအပိုဒ်မှာ သတိရ .နဲ့ဒဏ်ရာ….ဆိုတဲ့ စာသား ကို နှစ်ပြန်ထပ်ခါ..သုံးထားတယ်) ပြီးတော့ ကဗျာဖတ်ရတာ…တခါတလေ….စကားပြောတဲ့စာသားလိုလို…စကားပြေ မှာ သုံးတဲ့ စာသား လိုလို ဖြစ်ပြီး ကဗျာမကျ ဘူးဖြစ်နေတယ်…..ခေါင်းစဉ် နဲ့ စာသား ကလည်း ဖတ်နေရင်းနဲ့ မသက်ဆိုင်ဘူးလို့…..ခံစားရတယ်….အခုလို စေဖန်တာကို စိတ်မဆိုးနဲ့နော်…(.တနေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲ) ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ….ဆက်ကြိုးစားပေါ့…အမြဲအားပေးနေမယ်…..
…….. မိုးချစ်သူ…..