ချစ်သောညီမလေးသို.
ဘယ်တစ်ဖက် ညာတစ်ဖက်
တွယ်ရာမဲ့ခဲ့တယ်။
နှလုံးသားက
ရိုးသားစွာ အားငယ်မိပါတယ်
ညီမလေး တစ်ပွင့်ကလွဲရင်
ဘယ်သူ.ကိုမှမော့မကြည့်ရဲခဲ့ဘူး။
ကဗျာဆရာ ကိုးကွယ်တဲ့
မိန်းမနှစ်ယောက်ရှိတယ်
တစ်ယောက်က အမေ
တစ်ယောက်က ချစ်သူ။
ညီမလေးမသိတဲ့ ရိုသေသမှုနဲ.
ညီလေးကိုငါ ကိုးကွယ်ပါတယ်
သူ.ရှေ.မှာ ငါ
ဒူးနှစ်ဘက် စင်းစင်းညွတ်ထောက်ပေးခဲ့တယ်။
ချာတိတ်ရေ
ငှက်ကလေး လာနားဖို.
လက်ဝါးဖြန်.ပေးထားသူလိုမျိုး
ငါလေ
ချောက်ချောက်ခြားခြား သိမ်မွေ.မိနေတယ်။
သိုဝှက်ထားတဲ့အချစ်ဟာ
ထုံမကူးရသေးတဲ့ ၀တ်မှုံပေါ့
အထဲမှာ ဥယျာဉ်တစ်ခုရှိနေတယ်။
မင်းရှေ.မှာဆို ကလေးရယ်
တစ်ခွန်းထဲသောစာတစ်ကြောင်း
မျက်လုံးလေးနဲ.တောင် စာလုံးမပေါင်းရဲဘူး
နေရာဦးဖို.ဆိုတာ
ပွဲလန်.တုန်းမပြောနဲ.
ပွဲရှင်းတုန်းတောင် ဖျာမခင်းရဲခဲ့ပါ။
စိတ်ကူးလိုက်ရင်တောင်မှ
လူကညွှတ်ကျ အားငယ်သွားတတ်တော့
မင်းရှေ.မှာ လက်သီးဆုတ်လေးဖြေချ
ငါ့တိမ်တိုက်လေးကို ဘယ်မှာဖြန်.ပြရဲပါ့မလဲ
ငါ့ မုတ်သုန်လေးလည်း
ရွာသွန်းခွင့်နဲ.လွဲနေတယ်။
မြေဆွဲအားကိုကြောက်တဲ့ သစ်သီးလေးလို
ညှာတံကို အားကိုးတကြီး ချိတ်တွယ်ထားမိတယ်
ကြွေကျဖို. ၀င်းပြည့်ရွှန်းမှည့်ခဲ့တာ မဟုတ်ဘူး
မသိလိုက်မသိဘာသာ ဥယျာဉ်မှူးလေးရေ
မင်း………ငါ့ကို ခူးလှည့်ပါ။
အုံ.ပုန်းကောင်းကင်ဆိုမှတော့
ဒီပန်းတွေက ခိုးဝှက်မွှေးမြခဲ့ရပေါ့
အတွေးသက်သက်နဲ.ပဲ
ငါ့နားရွက်ဖျားလေးတွေပူနွေးလာအောင် ချစ်မိတယ်။
ဒီပင်လယ်ဟာ ညီမလေးရှိတဲ့နေရာဆိုရင်
ကျောက်ချရပ်နားရုံတင်မကဘူး
ငါ့သင်္ဘောတစ်စင်းလုံး နှစ်မြုပ်နေရာယူပစ်မယ်
အဲဒီလောက်ထိ ချစ်တယ်။
ညီမလေး လိုချင်ရင် ဓူဝံကြယ်ကို ခူးဆွတ်မပေးဘူး
ငါကိုယ်တိုင်မြောက်အရပ်မှာ ထာဝရခြေစုံရပ်ပေးမယ်
ညီမလေးအတွက်ဆို တံတားမဆောက်ဘူး
ငါကိုယ်တိုင် အားလျားမှောက်
ငါ့ကိုယ်ပေါ်မှာ သူ.ကိုဖြတ်လျှောက်ခိုင်းလိုက်မယ်
အဲဒီလောက်ထိ ငါ ချစ်တယ်။
ညီမလေးတီးခတ်ဖို. စောင်းကြိုးလိုရင်
ငါ့ဆံပင်တွေကို ပိုးချည်အဖြစ် ကျစ်ပေးမယ်
အဲဒီလောက်ထိ ငါ ချစ်တယ်။
မိန်မတစ်ယောက်ဟာ ချစ်မိရင်
ရဲရင့်လာတတ်တယ်
ယောက်ျားတစ်ယောက်ဟာ ချစ်မိရင်
သိမ်ငယ်သွားတတ်ပါတယ်
ငါဘယ်လို မြိုသိပ်ခဲ့တယ်ဆိုတဲ့အဖြေဟာ
ဒါပါပဲ။
သေတ္တာကို ငါ အသေပိတ်ခဲ့တယ်
ငါသိမ်းဆည်းခဲ့တာ မိုးလေ လုံရုံတင်မကတော့
ငါ့ အဖြစ်က
သစ်စေ့လေးကို အရိပ်တကြည့်ကြည့်နဲ.
သစ်တောကြီးတစ်ခုကို စိတ်ကူးနဲ.ပျိုးနေတာ။
အဲဒီလိုနဲ.
မြိုသိပ်သိုဝှက်ခြင်းမှာ အကြောသေခဲ့ရ
ငါ့မှာ
တစ်ချက်ခိုးကြည့်ဖို.အရေး
လူမိုက်စိတ်ကို ဇွတ်မွေးခဲ့ရ
မင်းဘာမှ မသိပါလားကွယ်။
ကလေးရယ်
ထီးသုံးနန်းသုံး လက်ဖမိုးလေးကို
ငါ့ရဲ.တေလေပါးပြင်အပ်လို.
တမြတ်တနိုး ငေးချင်လိုက်တာ
ဒါ………ငါ့ရဲ.တစ်သက်စာ ဆန္နပါ။
သူ.ဆံနွယ်တွေကို ဆွဲဖွချင်သေးတယ်
တကယ်ပဲ မချင့်မရဲအတွေးမျိုးနဲ.
ငါသူ.ကိုမြတ်နိုးမိတယ်
အသိအကြား၊ အရှိတရားထက်
ငါ…………အကြည့်စကား ကိုပဲယုံမယ်။
အခုလို သူ.ဓာတ်ပုံလေးမျိုး
ဖြစ်နိုင်ရင် ငါ့မျက်လုံးမှာ
ဆေးမှင်ရည်စုတ်ထိုးထားချင်ပါတယ်
ဘယ်သူပျိုးလို.မှ မပေါက်တဲ့ပန်းတစ်ပင်
အခုတော့……အပွင့်သစ်တွေ……ဆင်။
ညီမလေးရေ
တရှိုက်မက်မက် ငေးမိတာလည်း ပန်းခူးတာပေါ့
တနင့်သက်သက်မှန်းမျှော်ငေးတာလည်း ပန်းခူးတာပဲပေါ့
တို.သိတာထက် သိမ်မွေ.တဲ့ချစ်ခြင်းဟာ
တို.သိတာတွေထက် သိမ်မွေ.တတ်ခဲ့တယ်။
ဆင့်ပါးစပ် နှမ်းပက်သလို အပြုံးလေးကိုပဲ
နှမ်းပင်အောက်ဆင်ရောက်သလိုဇွတ်တွေးခဲ့ပါတယ်
တကယ်တမ်း မင်းနဲ.ပတ်သက်ရင်
မင်းညှပ်ပစ်ခဲ့တဲ့ လက်သည်းစလေးကိုတောင်
ငါက သိမ်းထားချင်တာမျိုး။
ငါ့ပါးစပ်ကိုသော့ခတ်ခဲ့သော အကြည့်လေး
အဲဒီ အကြည့်လေးဟာ ငါ့ဘ၀ပါ
အဲဒီဘ၀ဟာ ညီမလေး အတွက်ပါ။
တောင်ပံမပါပဲပျံသန်းတတ်တာဟာ
အချစ်ဖြစ်တယ်
တောင်ပံသက်သက်နဲ. ပျံသန်းတတ်တာဟာ
အနုပညာဖြစ်တယ်
ညီမလေးဟာ
အချစ်နဲ.အနုပညာတို.ရဲ. “ သံခိပ် ” ဖြစ်တယ်။
ငါ့ညာဘက်လက်ဖျံဟာ အနုပညာဖြစ်ပြီး
ငါ့ဘယ်ဘက်လက်ဖျံဟာ ညီမလေးဖြစ်တယ်
ဘယ်လက်က တစ်ပွင့်တောင်းဆိုရင်
ညာလက်က တစ်ပင်လုံးပွင့်ပေးမယ်။
ဖွင့်ပြောတယ်ဆိုတာ သစ်ကိုင်းကိုဆတ်ကနဲခါလိုက်တာပဲ
အသီးစိမ်းကြွေမလား အသီးမှည့်ကြွေမလား
ဘယ်သူပြောရဲမှာလဲ
မင်းနှုတ်ခမ်းလေးကိုက
စိမ်းတချို. မှည့်တချို. ရက်စွဲတွေ များလွန်းခဲ့။
ငါက
အိုင်တွေ.လို.ဆေးချင်တဲ့ ခြေလည်းမဟုတ်ဘူး
မင်းက
ခြေတွေ.ဖို. စောင့်နေတဲ့ အိုင်လည်းမဟုတ်ဘူး
ငါက
ရေငတ်လို. ပန်းသန်.ရေရှာခဲ့သူ
မင်းက
ရေခပ်ဖို. ပန်းမြတ်ပွင့်ရာ ကန်သာ။
မင်းအတွက်ကလွဲရင်
ဒီအပင်ဟာ နောက်ထပ် ပွင့်လာမှာမဟုတ်ဘူး
မင်းအတွက်ကလွဲရင်
ဒီမုတ်သုန်ဟာ နောက်ထပ်ရွာသွန်းမှာမဟုတ်ဘူး
မင်းအတွက်ကလွဲရင်
ဒီလူဟာ နောက်ထပ် ပါရမီဖြည့်မှာမဟုတ်ဘူး။
နက်ရှိုင်းမြင့်တက်လာတဲ့ အသိမှာ
ညီမလေးကိုငါ ကြည့်စရာမလိုတော့ဘူး
(သူဟာ ငါ့မျက်ဝန်းမျက်ဆံ ဖြစ်တယ် )
ညီမလေးအတွက်ငါ ရင်ခုန်စရာမလိုတော့ဘူး
( သူဟာ ငါ့နှလုံးသည်းပွတ်ဖြစ်တယ် )
ညီမလေးနဲ.ငါ ဝေးကွာစရာမလိုတော့ဘူး
သူဟာငါ့ အသွေးအသား ဖြစ်တယ်။
တိတ်တခိုးကျမ်းတစ်အုပ်နဲ.
ကိုယ့်ကိုကိုယ် လက်ခုပ်တီးခဲ့ရသော ကာလများမှာ
သူပျော်အောင်ထားဖို.
မဖြစ်ညစ်ကျယ်အားတင်း
ပွင့်လင်းမှုကိုငြင်းခဲ့တယ်။
သူသတ်လက်ကို ၀ှက်ထားတဲ့ ကံကြမ္မာ
ငါလည်စင်းပေးလိုက်ပါတယ်
ကွမ်းတစ်ရာရေတစ်မှုတ် အစား
ညီမလေး ဂရုဏာတရားကိုသာ
ပေးသနားတော်မူပါ။
ချစ်သောညီမလေးရေ
ပျင်းရိညည်းငွေ.တဲ့တစ်နွေနွေမှာ
အခါအခွင့်ကြုံကြိုက်ရင်
ငါ့ကဗျာ တစ်ပိုဒ်တစ်လေ
မင်း………သတိရနေလိုက်ပါ။
ငါကတော့
ပုဆိန်ရှေ.က သစ်ပင်လေးလို
ဆုံဆည်းတာနဲ. ပြိုလဲပေးလိုက်ရတဲ့အဖြစ်အား
မြတ်နိုးရိုကျိုးစွာ
ချစ်……သွား……မှာ………ပါ…………
Comment #4
ရေရေလည်လည်လှတယ်ဗျာ……..
ဘာပြောရမှန်းတောင် သိတော့ဝူး…..
ပြောချင်တာကတော့ အဲ့လောက်တောင်ပဲလားလို့…ဟိဟိး)
ကိုမိုးညို…
နော်ဒီကဗျာကို ရွေးတယ်ဗျို့…
အရမ်းကောင်းတယ်…
Comment #1
ဒီကဗျာတော်တော်မိုက်တယ်ဗျိုး ။ အကိုရေ .. ကဗျာရွာမှ ကြိုဆိုပါတယ်ဗျာ။ ဒါနဲ့ အကို့ ကဗျာတွေကိုထည့်ရင် Microsoft Word ကနေ တန်းပြီး Copy / Paste မလုပ်နဲ့သိလား။ မလိုတဲ့ Code တွေပါလာလို့။ အခုတော့ ကျွန်တော်လိုက်ဖျက်ပေးထားတယ်။ အဆင်ပြေပါစေဗျိုး။ ကဗျာတွေ တင်ပါဦး။ အားပေးနေပါတယ်။