“မခွဲအတူ”
မိန်းကလေး..
ငါ့နှလုံးသာအိပ်ခန်းငယ်ထဲ ဝင်ကြည့်ချင်လည်း
လာဝင်ပြီးကြည့်ပေါ့…
ရင်ခုန်သံတွေစီးချက်မမှန်တဲ့ နာရီအိုတစ်လုံး
အဖော်မရှိတဲ့ တံခါးရွက်
ခံစားချက်ပျောက်နေတဲ့ စားပွဲတစ်စုံ
အသံဝင်နေတဲ့ ဂစ်တာတစ်လုံး..
အပြုံးမရှိတဲ့ ဝင်ပေါက်
အားနည်းနေတဲ့ မနက်ခင်း
အသက်ကင်းနေတဲ့ ပန်ကာ
သည်အရာတွေပဲ တွေရလိမ့်မယ်
မကြိုက်ရင်လည်း ပြန်ထွက်သွားပါ
နင်ကျန်ခဲ့တဲ့…
ခြေရာတွေနဲ့ အတူတကွရှိနေမှာပါ…။ ။
ကိုသီဟ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service