“အိမ်ဝေးသူ”
ငါဟာအများထဲက တစ်ယောက်
အိမ်ဝေးသူဆိုတဲ့ ခေါင်းစဉ်အောက်ကပေါ့
တစ်ကိုယ်ရည်တစ်ယောက်တည်း ရုန်းကန်
အမှား၊ အမှန်ကိုခွဲခြား ဘဝသမားတစ်ယောက်ပါ
ကိုယ်ဒူးကိုယ်ချွန် လူရည်မွန်ဖြစ်အောင်
ရေခြား၊ မြေခြားမှာ ကြိုးစားနေသူပါ
အခြေအနေရ ရေမြေခြားပေမယ့်
အတိတ်ပုံရိပ်တွေကို လွမ်းဆွတ်ရင်း
ငါဟာတကယ်တော့…
မွေးရပ်မြေနှင့် အတူတကွ
မိသားစုနှင့်အိမ်ကို လွမ်းနေသူတစ်ယောက်ပါ…။ ။
ကိုသီဟ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service