ရပ်စောင့်မနေချင်ပါ – နရီထက်
အချစ်ဆိုတာ ဘတ်စ်ကားတစ်စီးဆို
မင်းရဲ့အချစ်တွေရဖို့
အချိန်မှီမရောက် အလာနောက်ကျတဲ့
ဘတ်စ်ကားတွေလို ကိုယ်ရပ်စောင့်မနေချင်ဘူး
အချစ်ဆိုတာ လူကျပ်ညှပ်ပြည့်နေတဲ့ မြို့ဝင်ဘတ်စ်ကားဆို
မင်းရဲ့ အချစ်တွေရဖို့
လူချောင်တဲ့ ဘတ်စ်ကို ရွေးဖို့အတွက်
ရပ်စောင့်မနေချင်ပါ
မင်း လူရွေးပွဲတော့ မလုပ်လိုက်ပါနဲ့
အချစ်ဆိုတာ လူကူးမျဉ်းကျားဆို
အမှားမခံတဲ့အချစ်တွေနဲ့ စံသတ်မှတ်မယ်ဆိုလို
ကိုယ်လေ ရပ်စောင့်မနေချင်ပါ
မင်းဆီ ရောက်ဖို့ ခြေလှမ်းမှန်မှန်နဲ့
မင်းနှလုံးသားဆီ လှမ်းလာခဲ့မယ်
မင်းဆီင်္ရောက်ဖို့ အနီးလေးရောက်မှ
မီးနီတွေ ပြမသွားပါနဲ့
ကိုယ်လေ မီးဝါတွေကြားမှာ
ခဏတာ ရပ်နေခဲ့သေးတယ်
မီးစိမ်းပြလိုက်ပါတော့ ကလေးရယ်။ ။
နရီထက်
( ၂၁ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )
Comment #2
read 5 times

Comment #3
မင်းဆီင်္ရောက်ဖို့ အနီးလေးရောက်မှ
မီးနီတွေ ပြမသွားပါနဲ့
ကိုယ်လေ မီးဝါတွေကြားမှာ
ခဏတာ ရပ်နေခဲ့သေးတယ်
မီးစိမ်းပြလိုက်ပါတော့ ကလေးရယ်။ ။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ok,,,