နွေရာသီ အုံပုန်း
နွေဦးမှာ လေချွန်သံတိုးတိုးကြားရသည်။
စိတ်ကူးကို ရစ်ဘီ တစ်ခုနဲ့ ဟိုသွား ဒီသွား …။
သံယောစဉ်တွေ ဖုန်ထက်မက ထူပြီးမှ
အမှတ်တရ မေ့ဖျောက်ခဲ့ကြ…။
အလှူခံလား… ကန်တော့ပါသေးရဲ့…
မလှမ်းမကမ်းမှာ တစ်စွန်းတစ ကျန်သေးတယ်…။
ကံမကောင်းတဲ့လေပြေက
သစ်ခြောက်ကြွေတွေကို ကိုင်ပြီးပြေးလာ…
ဗင်ဂို:(ရ်)ရဲ့အ၀ါရောင်တွေ နည်းနည်းတောင်းပြီး
ငါပက်ဖြန်းကြည့်တယ်…။
နေကာမျက်မှန်မတပ်ရင် မိုးအုံ့တာကို ပိုမြင်လိမ့်မယ်…။
အခုတော့… မိုးမအုံ့ဘူး
ငါ့ နှလုံးသား နေကာမျက်မှန်တပ်လိုက်တယ်…။
ဟိုတစ်ချိန်ကလို
နွေဦးက စွတ်စွတ်မဖြူတော့ဝူး…။
ဒါပင်မဲ့ လဖ္ဘက်ရည်ဆိုင် ယဉ်ကျေးမှုထွန်းကားတယ်။
ဥသြငှက်က ဥသြ ဆွဲလိုက်သလိုလို
အိပ်မက်တငွေ့ အရည်ပျော်ပြီးတဲ့နောက်
ငါ့တို့ မနီးပေမယ့် ဝေးခဲ့ကြတယ်…။
စကားပြောတတ်တဲ့ မျက်လုံးတွေလည်း
တီးတိုးဆွံအ…
နွေဦးရွက်ကြွေ ဗုဒ္ဓဟူးညနေ မှာ
ကျောပြင်နှစ်ခုကြား သံယောစဉ် မျက်ရည်မြူတို့
အမှတ်တရ အုံ့ဆိုင်းကျန်ရစ်…။..။