အိမ်မက် တစ်ခု၏ ဒဏ္ဏာရီ
နူးညံခြင်းဖြင့် ဖန်ဆင်းတော် မူသော
ချစ်သူ့မျက်ဝန်းတစ်ရံဖြင့်
ငါ့အိမ်မက်တို့ နားခိုပါစေ…
ချစ်သူ၏ အနမ်းဖြင့်
ကောင်းကင် တစ်ဖက်ကမ်းသို့လှော်ခတ်မည်
ရင်ခုန်ခြင်းတို့ မီးရှူးသန့်စင်ပါစေ…
ချစ်သူ၏ ဆံနွယ် ထပ်ဖြင့်
ငါ့နှလုံးသားကို ခပ်ယူလိမ့်မည်
အေးရိပ်ခြင်းဖြင့် ကြည်လင်ပါစေ…
ဖြူစွတ်သော စိတ်ကူးဝတ်မှုန်များ
ချစ်သူ၏ထံပါး၌ ခစားကြလိမ့်မည်
ကြည်နူးခြင်းတို့ ပွင့်လန်းပါစေ…
နွေဦး၏ ကောက်ကြောင်းတို့၌
ချစ်သူ့ အသံသာတို့ဖြင့်
ငါ့တမ်းတခြင်းတို့ အုံ့သည်း တိုက်ခတ်ပါစေ…
အ၀ါရောင် ဆောင်းရက်များအတွက်
ချစ်သူ၏ အပြုံးများဖြင့်
ငါ့အလွမ်းများ လွင့်ပါစေ…
Comment #4
Oh,,
So much sweet.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချစ်သူ့ အသံသာတို့ဖြင့်
ငါ့တမ်းတခြင်းတို့ အုံ့သည်း တိုက်ခတ်ပါစေ…
အ၀ါရောင် ဆောင်းရက်များအတွက်
ချစ်သူ၏ အပြုံးများဖြင့်
ငါ့အလွမ်းများ လွင့်ပါစေ…