ကျေနပ်တယ်-ကိုမင်း(မုံရွာ)
ချစ်သူ….
ဘ၀တွေပေါင်းစပ်ဖို့
ဓနတွေတောင်းခဲ့တာလား….။
ချစ်သူ….
ဓနနည်းခဲ့လို့
တို့ဘ၀တွေဝေးခဲ့တာလား….။
ချစ်သူရေ….
ဓနနည်းပေမယ့်
ဘ၀ထဲမှာတော့
ခဏပဲဖြစ်ဖြစ်
ချစ်ခဲ့ရတာပဲကျေနပ်တယ်။
ကိုမင်း(မုံရွာ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service