ဘ၀ – အချစ် = ဘဝ
အချစ်စာမေးပွဲမှာ
အဖြူရောင်နှလုံးသားကလွဲလို့
ဘာကိုမှ ကျက်မှတ်မလာခဲ့ဘူး။
Yes (or) No ဆိုတော့
No ဆိုတဲ့အဖြေလေးပိုက်
သားပျော်ပိုက်ခဲ့တယ်…အမေ။
အမေရေ…
ကြည့်စမ်းပါဦး
သား… အလွမ်းအိုးထမ်းလာတာမြင်ရဲ့လား။
အမေရေ…
ဘ၀ကိုဘောလုံးပွဲနဲ့နှိုင်းရင်
ရှုံးပွဲနဲ့ကြုံပေမယ့်
ခြေသာခဲ့တဲ့ဘ၀တွေ…
အထင်ကြီးစရာမရှိတဲ့ ခြေရည်နဲ့
ကံတရားဆိုတဲ့ဒိုင်ရဲ့ မျက်နှာသာပေးမှုကြောင့်
မဟားတရားအနိုင်ရခဲ့တဲ့ဘ၀တွေရှိတယ်…။
သား…စာမေးပွဲကျပေမယ့်
သူ့အချစ်ကိုရခဲ့ပါတယ်…။
ဇင်သော့
Comment #1
ကောင်းတယ်သိလား။