အချစ်တလင်း
မြေခွေးအုပ်အလယ်မှာရောက်နေတဲ့
ခြင်္သေ့မင်းလို
ရဲရင့်ရမှာကြောက်တယ်
စစ်မဟုတ်ဘူး အချစ်ပါ
အချစ်နဲ့စစ်မှာ မတရားတာမရှိလဲငြိမ်းချမ်းရေးသ၀ဏ်လွှာတွေနဲ့
ချုပ်ငြိမ်းစေချင်တယ်
အထိနာမှာ နှလုံးသားတစ်ခုတည်းမဟုတ်ဘူး
အပစ်ခံရမယ်မှန်း သိသိကြီးနဲ့
အလံဖြူကိုင်ပြီးဝင်ချင်သူပါ
ဒီပွဲမှာ…
တရားတာမှမရှိတော့ပဲ
အလွမ်းမီးတွေကိုလည်း
ကိုယ်ကပဲ ငြိမ်းသတ်ထားလိုက်ပါ့မယ်
တစ်ယောက်ကတစ်ယောက်ရဲ့ ဘုရင်ဖြစ်ချင်
တစ်ယောက်ကတစ်ယောက်ရဲ့ဘုရင်မဖြစ်ချင်
ဖြေသိမ့်ထားလိုက်ပါတော့ကလေးရယ်
လမသာတဲ့ညတွေ
ဘယ်သူမှ ဒိုင်ယာရီထဲထည့်မသိမ်းဘူး
လမင်းကို တိမ်ဖုံးအုံးတော့
အချိန်တန်ရင်
သူတို့ ငိုကြလိမ့်မယ်
လွင့်တော့ ပန်းကလေးရေ
ဟိုးမှာ…
လေညင်းတွေတောင်ဝတ်မှုန်ကူးနေပြီ…။
အထိနာမှာ နှလုံးသားတစ်ခုတည်းမဟုတ်ဘူး
အပစ်ခံရမယ်မှန်း သိသိကြီးနဲ့
အလံဖြူကိုင်ပြီးဝင်ချင်သူပါ
ဒီပွဲမှာ…
တရားတာမှမရှိတော့ပဲ
အလွမ်းမီးတွေကိုလည်း
ကိုယ်ကပဲ ငြိမ်းသတ်ထားလိုက်ပါ့မယ်
တစ်ယောက်ကတစ်ယောက်ရဲ့ ဘုရင်ဖြစ်ချင်
တစ်ယောက်ကတစ်ယောက်ရဲ့ဘုရင်မဖြစ်ချင်
ဖြေသိမ့်ထားလိုက်ပါတော့ကလေးရယ်
လမသာတဲ့ညတွေ
ဘယ်သူမှ ဒိုင်ယာရီထဲထည့်မသိမ်းဘူး
လမင်းကို တိမ်ဖုံးအုံးတော့
အချိန်တန်ရင်
သူတို့ ငိုကြလိမ့်မယ်
လွင့်တော့ ပန်းကလေးရေ
ဟိုးမှာ…
လေညင်းတွေတောင်ဝတ်မှုန်ကူးနေပြီ…။
ဇင်သော့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service