အတ္တ
အတ္တတွေ
အတ္တဆိုတဲ့ဒီကြိုးကို
လောဘလက်တွေနဲ့
မောဟပြည့်နေတဲ့
သူတို့တွေရဲ့
အတ္တလွန်ပွဲထဲ
အနိုင်နဲ့အရှူံးက
ဘယ်လိုလဲ………..?
ဟန်ဆောင်ဖုံးကွယ်
အပြုံးဆင်မျက်နှာနဲ့
ဒီပြိုင်ပွဲမှာ
ရိုးသားပြမလား
ကောက်ကျစ်ကြလား
အနိုင်နဲ့အရှူံးက
အဓိကလား
စာနာမှုဆိုတာကနထ္ထိပါ……….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service