နာမ်စား (သက်ထွေး)
ဒါနောက်ဆုံးပါပဲ …
စိတ်ကို
စိတ်နဲ့
လဲခဲ့တယ် …
ဆေးသောက်ရင်
အဖျားပျောက်မယ်ဆိုတဲ့
စိတ္တဇမျိုး
ယောင်လို့တောင်
ငါခေါ်မသွားခဲ့ဘူး …
ဆိုနေဆဲစာသားထဲ
ငါ့လျှာ ခါးခါးလာ
မြတ်နိုးမှုဆိုတာ
ကြာကြာဝါးလေ
အချိုကုန်လေပဲ …
ဘယ်သူတွေ ဘာပြောပြော
တြိဂံတောထဲပဲ
ပြေးခိုလှုံပစ်လိုက်တယ်
သူလိုကိုယ်လိုပေါ့
ငါ့ကို
အံစာလိုခေါက်ကြမှာတော့
ငါ ရွံ့တယ် …
ဒဏ်ရာဆိုတာ
အမှတ်တရကို
တယုတယ
လုယက်ထားတတ်တဲ့အရာ
ဒီလိုနဲ့
ငါ့နေ့ည
အမှတ်တရများခဲ့ …
ဒါနောက်ဆုံးပါပဲ …
ငါ့ကိုပြန်ရွတ်နေတဲ့
ကဗျာတွေကြားက
ငါထွက်ကာသွားတော့မယ် ..
လမ်းတွေနဲ့ဖိနပ်တွေကြား
ခရီးသွားဆိုတဲ့ ငါနာမ်စားအဖြစ်ပေါ့ .. ။ ။
သက်ထွေး
၂၅.ဇူလိုင်.၂ဝ၁ဝ ညနေ ၃း၁၇
Comment #2
ကျေနပ်နေမိတယ်။ကဗျာရပ်ဝန်းမှာကဗျာနဲ့ ကဗျာလူတစ်သားထဲကျနေတာကိုခံစားမိလို့ ပါ။
မင်းလူန
Comment #5
ဒဏ်ရာဆိုတာ
အမှတ်တရကို
တယုတယ
လုယက်ထားတတ်တဲ့အရာ…။။။
ကောင်းလိုက်တာ..ကဗျာဆရာရေ..။။။
Comment #6
ယောက်ဖရေ မင်းကဗျာရေးတာ ကိုယ်အခုမှသိတယ်။ ကောင်းတယ်ကိုယ်လဲ မင်းနဲ့စကားပြောချင်တယ် မတွေ့ရတာ ၆ နှစ်လောက်ရှိပြီပေါ့.
Comment #8
ဆေးသောက်ရင်
အဖျားပျောက်မယ်ဆိုတဲ့
စိတ္တဇမျိုး
ယောင်လို့တောင်
ငါခေါ်မသွားခဲ့ဘူး …
ငါ့ကိုပြန်ရွတ်နေတဲ့
ကဗျာတွေကြားက
ငါထွက်ကာသွားတော့မယ် ..
လမ်းတွေနဲ့ဖိနပ်တွေကြား
ခရီးသွားဆိုတဲ့ ငါနာမ်စားအဖြစ်ပေါ့ .. ။ ။ စာသားတွေအရမ်းကိုမိုက်နေတော့ကောင်းကြောင်းတောင်ဘယ်လိုပြောရမှန်းမသိတော့ဘူး…….
Comment #1
ကဗျာတွေက.. လန်းချက်ကြီးက ကမ်းကုန်နေပြီ….. သူကြီးတို့ကတော့ကွာ.. ဟောတစ်ပုဒ်.. ဟောတစ်ပုဒ်ပဲ… ဟီးဟီး..
ဆေးသောက်ရင်
အဖျားပျောက်မယ်ဆိုတဲ့
စိတ္တဇမျိုး
ယောင်လို့တောင်
ငါခေါ်မသွားခဲ့ဘူး …
ဆိုနေဆဲစာသားထဲ
ငါ့လျှာ ခါးခါးလာ
မြတ်နိုးမှု့ဆိုတာ
ကြာကြာဝါးလေ
အချိုကုန်လေပဲ …
ကြိုက်သည်။