ဆန္န
တွေ့ဆုံခွင့်ဆိုတာ
ငါ့အတွက်တော့
အဖြစ်ချင်ဆုံး ဆန္နပေါ့…….
ပြောခဲ့တဲ့ ကတိစကား
ပေးခဲ့တဲ့ သစ္စာ
မမေ့သာဘဲ
ငါ့ရင်ထဲမှာ
မင်းနဲ့ထပ်တူ
မခွဲတမ်း သိမ်းဆည်းထားမှာပါ…..
မျှော်လင့်နေမိ
မင်းပြန်လာမယ့်နေ့….
ရေတွက်နေမိ
မင်းခွဲခွာသွားတဲ့
နေ့ရက်တွေကိုပေါ့…..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service