လေနှင်ရာလွင့် မိခဲ့ ရင်
ဓားသွားတစ်ခုကို
မြိန်ရည်ယှက်ရည်
မျိုချနေသူရေ………
မင်းစကားလုံးတွေက
မင်းအတွက်သိပ်ပြီး
စူးရှနေမလားလို့ 
တွေးမိသေးတယ်
မနေ့ ကမင်းစကားနဲ့ 
ဒီနေ့ ငါအသက်ရှင်မိရင်
မနက်ဖြန်ငါ့ အတွက်
အနာဂါတ်ဆိုတာ
လေထဲကတိမ်လိုလွင့် ပြီး
တိမ်ထဲကလေလို
ဘာလိုလို
ညာလိုလို………………
လိုလို…..ပေါ့ အချစ်ရယ်
မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service