အဖြူရောင်လေးအတွက်
အဖြူရောင်လေး အတွက်
အလဲလဲ အကွဲကွဲ
အိပ်မက်တွေနဲ့ 
ဒီမျက်နှာလေးကို
ဘယ်လို ရင်ဆိုင် ကြည့်ရပါ့
နောင်တတွေ က
မိုးလိုရွာတဲ့ ည
လူးလိမ့်ရလွန်းလို့
အိပ်ရာလဲ အပျိုရည်ပျက်
အတွေးတွေ ဆတိုး ပူပန်ရင်း
ကျောက်ရုပ်ခြေထောက်တွေနဲ့ 
အဝေးကြည့်လေးတွေနဲ့
ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း
ကောင်မလေးရေ
အဲ့ဒီ တိမ်တိုက်တွေ ပြိုဆင်းတုန်းက
ငါ့နှလုံးသား နတ်ဝှက်ခံလိုက်ရတယ်..။
မိုးအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service