ချစ်သူချော့တဲ့ တေး ( ၂ )
ချစ်သူချော့တဲ့ တေး ( ၂ )
ငါ့ကို ခ၀ါချခဲ့တဲ့ နေ့ စွဲက
သူ့ ကိုယ်သူ
လောကဓံ အဖွဲ့ ဝင်တဲ့..
ငါ့ နှလုံးသွေးတွေက
မျက်ဝန်းကနေ ကျနေတယ်
ကောင်မလေးရေ
လောကကြီးမှာ ဘယ်သူမှ မယုံရဘူးကွဲ့ 
မင်း နေ့တိုင်း ကြည့်နေတဲ့ မှန်တောင်
မင်းကို နေ့တိုင်း လှည့်စားနေသေးတာပဲလေ
မင်း မသိတဲ့ .. ကိုယ်ပြောဖို့ မေ့နေတဲ့.. သူတို့သိတဲ့
ကို့ ရဲ့ အကြောင်းက
နေ၀င်နေထွက်သဘောတရားထက်
ရိုးရှင်းစွာပဲ နည်းနည်းလေးဆိုးတာပါ
တေးဆိုဖို့ မေ့နေတဲ့ ငှက်ကလေးကို အပြစ်မတင်ပါနဲ့တော့နော်….။
မိုးအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Yes,,sir
😉