မုန်းပြီ မေ့ပြီ
ကတိစကားတွေကြား
သစ္စာတရားကလဲ အမြစ်ကပါလဲပြို ..
လေထဲအိမ်ဆောက်ခဲ့မိတာပဲ …
အနာဂတ်ရဲ့အိပ်မက်တွေ ပြိုပျက်ယုံနဲ့ 
ငါက စိတ်ဓာတ်ကျနေစရာမလို ၊
ချုပ်ချယ်မှုတွေလုပ်မိခဲ့တဲ့  ငါကပဲမှားသလား ၊
လွတ်လပ်ချင်လွန်းတဲ့ မင်းကပဲလွန်သလား ၊
မြင်နိုင်ပါတယ် ..
ငါ့ရဲ့သံသယတောထဲ မင်းအခုမျောနေတာပဲ ၊
ဟန်ဆောင်အပြုံးတွေကြား …
ငါ့နှလုံးသားအစားခံခဲ့ရတဲ့ နောင်တကလွဲလို့ 
မင်းနဲ့ ပတ်သတ်သမျှ အမှတ်တရဆိုတာမရှိစေရ ၊
နောက်ဆုံး ..
မင်းနဲ့ ငါ့ရဲ့ အတိတ်ဟောင်း …
ကဗျာတစ်ကြောင်းတောင်မဖြစ်စေရဘူး … ။
Comment #2
ကျွန်မအရမ်းကြိုက်ပါတယ်..ခံစားမှုနဲ့ကိုက်လို့ပါ..အရမ်းတော်တာပဲနော်…
By: miss30 at May 20, 2010
Comment #4
အရမ်းကြိုက်ပါတယ်
By: may at Jul 27, 2010
Comment #5
မင်းနဲ့ ငါ့ရဲ့ အတိတ်ဟောင်း …
ကဗျာတစ်ကြောင်းတောင်မဖြစ်စေရဘူး … ။
By: MyoZin at Jul 6, 2011
Comment #6
he,,he,,,
me too,
poem ma yae tat loh.
chit ke tar mone phoe hote bu..
a lwan tway ka mae phoe hote bu.
By: ei lay at Aug 30, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဟတ်ဟတ်..ကဗျာတစ်ကြောင်းတောင်မဖြစ်စေ၇ဘူးတဲ့..
အဟီ..ကဗျာတစ်ပုဒ်တော့စပ်ခဲ့သား……