“ဂေဟစနစ်”
“ဂေဟစနစ်”
သမင်စားမှ မြက်မပွားသလို
(သမင်စား) ကျားရှိမှ သမင်မပွား
မြက်ပွားများမှာတဲ့
မင်းပြောခဲ့ဖူး
ငါနှစ်သက်(ခဲ့)ဖူးတယ်။
အသဲခွဲသူရှိမှ အသဲကွဲသူရှိတာလည်း
ဓမ္မတာပဲလားချစ်သူ
အပြစ်မယူပါဘူး
မလွမ်းဘူးတဲ့ငါ့ရင်မှာ
အလွမ်းကဗျာတွေလည်း ဖြစ်တည်ဖူး
အလွမ်းသံစဉ်တွေ အရူးအမူး
ခံစားဖူးပြီလေ။
မိုးဇက်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service