ရင်ထဲရှိတာ
မဆိုင်တော့ဘူး..
ဒါပေမယ့်..
နင့်အကြောင်းကြားတိုင်း..
ဘယ်ဘက်ရင်အုံအောက်က နှလုံးသား…
ဆတ်ခနဲ လှုပ်လှုပ်သွားတယ်…..။
စည်းခြားထားပြီးပြီပဲ…
ဘယ်တော့မှ ပြန်မနီး…..
နာကျင်နေလဲ အချည်းအနှီးလေ………
ဒဏ်ရာ အထပ်ထပ်နဲ့….
အခါခါ ကွဲအက်ခဲ့တဲ့ အသည်း….
ငါ့ကံကပဲ….
မွဲလွန်းနေတာလား………….
နီးတကျက်ကျက်..
ဝေးတသက်သက်တဲ့…
မပေးရက်ခဲ့တဲ့…ပူလောင်ခြင်း….
ကိုယ့်ကိုကိုယ်ပဲ….
မီးလောင်တိုက် သွင်းလိုက်ပါ့မယ်……….
မကြည့်လို့.. မသိတာလား…..
မခံစားတတ်လို့.. ချန်ထားခဲ့တာလား…..
ငါ့ .. အားနည်းချက်က..မင်း ….
အရာရာနဲ့.. ရင်းရဲတယ်…….
ဘယ်သူတွေ..ဘယ်လိုပဲ တွေးတွေး…
ငါ့ဘ၀ကို.. စတေးလို့…..
နင်းဖြတ်လျှောက်သွား….
နင့်အတွက်..ဆို…..
ပန်းတွေ…ခင်းထားတယ်……..
တိတ်ဆိတ်တဲ့ ညတွေမှာ……
သီချင်းတစ်ပုဒ်ကို တိုးတိုးညည်းရင်းနဲ့….
နီးခြင်း .. ဝေးခြင်း…မျဉ်းပြိုင်နှစ်ခုအကြောင်း ….
စဉ်းစားရပေါင်းလဲ များခဲ့ပြီ…….
နာရီတွေ…. ရာသီတွေ ရေတွက်……
ပြက္ခဒိန်တွေကို ကျော်ဖြတ်လို့ …….
ခိုးမက်ခွင့် မရှိတဲ့… အိပ်မက်တွေနဲ့……..
အထီးကျန်စွာ.. ခရီးဆက်နေမယ်……………..။
လေးညှို့ရှင်
Comment #2
i like this poem.
Comment #4
ကြိုက်သွားပြီ ။
လုံးဝ တထပ်တည်းပဲ။
ဒါပေမဲ့လေ ၊ တခုတော့ရှိတယ်။
အချစ်စစ်မှန်ရင် ၊ အသွားရှိသလို အပြန်လဲရှိနိုင်ပါတယ်။
အားငယ်စွာ အထီးမကျန်ပါနဲ့ ။ ပျင်းစရာကြီး။ ။
Comment #6
so good
same to me.
Comment #1
ကြိုက်တယ်ဗျာ။ ဒီကဗျာ .. မိုက်သည်။