Professional Authors

လမ်း

လမ်းမကြီးတစ်ခုထဲကို ငါလျှောက်ဝင်လာခဲ့တယ်..
ငါနဲ့စတင် မိတ်ဆက်ရတာ ၀ါကျင့်ကျင့် သစ်ရွက်ကြွေတွေပေါ့
အဲဒီ့နောက် ငါမြင်ရတယ်.
ကြွေတော့မယ့်သစ်ရွက်တွေနဲ့
အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်အိုကြီးတွေ..
တလက်လက်တောက်ပနေတဲ့ မာနတွေနဲ့
ကြီးစိုးနေတဲ့ အမုန်းတရားတွေ
မှုန်ဝါးဝါးကြင်နာမှုတွေနဲ့
ရက်ရက်စက်စက်နာကျင်မှုတွေ
စုတ်ပြတ်သတ်နေတဲ့ အဇ္ဈတ္တတွေနဲ့
ထက်ရှနေတဲ့ အတ္တတွေ
ပြီးတော့…ကွဲအက်နေတဲ့ စာနာမှုတွေနဲ့
အငွေ့ ပျံ ပျက်သုဉ်းနေတဲ့ ဖေးမကူညီမှုတွေပေါ့..
ဗလာဖြစ်နေတဲ့ မျက်လုံးတွေနဲ့  ငါ့ကိုကြည့်ပြီး
ဖာထေးပြုပြင်ထားတဲ့ အပြုံးတုတွေကပ်လို့
မသန့် ရှင်းတဲ့ လက် အစုံနဲ့
ရင်ဘတ်မပါပဲ ငါ့ကို ပွေ့ ဖက်နှုတ်ဆက်ကြဦးမယ်..
သူတို့တွေက..
တချို့တချို့တွေကို ဦးညွတ်ပြုံးပြပြီး
တချို့ တချို့တွေကိုတော့ ဖိနှိပ်အနိုင်ယူတတ်သေးတယ်..
ဝမ်းသာ အားရပြောတဲ့ သူတို့ရဲ့ စကားကတော့
ဒါဟာလောကနိယာမပဲတဲ့
နေကာ မျက်မှန်တပ်ထားတဲ့ သူတို့မျက်လုံးတွေရဲ့
မမြင်နိုင်တဲ့နေရာတွေမှာ
စွန့်ပစ်ခံထားရတဲ့ သက်ကြီးရွယ်အိုတွေရှိတယ်..
မေတ္တာတရားတွေ ငတ်မွတ်ခေါင်းပါးနေတဲ့
အပယ်ခံသားသမီးတွေ ရှိတယ်..
ဗိုက်ဆာလို့ ငိုနေတဲ့ ကလေးတွေရှိတယ်..
နှိပ်စက်ညှင်းပန်းခံနေရတဲ့ တိရစ္ဆာန်တွေရှိတယ်..
အဲဒီ့လမ်းမကနေ ပြန်ပြေးထွက်လာချင်တယ်..
ဒါပေမယ့်..
ငါရဲ့ ပုခုံးပေါ်မှာ လေးလံတဲ့ ၀တ္တရားတွေရှိတယ်..
ဒါတွေကိုကြည့်ရင်းနဲ့ပဲ
မိုင်ထောင်ချီဝေးတဲ့ ခရီးတွေကို
မဆုံးမချင်း ငါဆက်လျှောက်နေရဦးမယ်..
အဲဒါတွေကို ငါမြင်ရတယ်
ဟုတ်တယ်.. မြင်နေရတယ်
ပြီးတော့.. မြင်နေရဦးမယ်..
ငါဝင်လာတဲ့လမ်းမကြီးထက်မှာလေ….။ ။

In: ကဗျာ Posted By: Date: Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment