ချစ်သ၀န် – နရီထက်
ပန်းဝတ်မှုန်ရယ် နင်ပွင့်အလာဖို့
ငါရဲ့ ပန်းဝတ်မှုန်နဲ့ပဲ နီးစပ်စေချင်တယ်
နင့်အနား ချဉ်းကပ်လာကြတဲ့
လိပ်ပြာတွေ ပိတုန်းတွေကိုလည်း
မုန်းမိနေတယ်
နင်က ပန်းတစ်ပွင့်ဆို နင့်အနားမှာ
အလှပြိုင် မာန်တိုင်ကြဲနေတဲ့
အခြား ပန်းပွင့်တွေလည်း
ငါ မမြင်ချင်ဘူး
နွေးထွေးမှုဆိုတဲ့ ရောင်ခြည်လေးတော့
ငါ ယူလာပေးမယ် မင်းမျက်နှာမော့လိုက်ပါ
လန်းဆန်းဖို့အတွက် လေပြေလေးတော့
ခေါ်လာပေးမယ် မင်းအသက်၀၀ရှုလိုက်ပါ
မင်းနားဆင်ဖို့ တေးသီဌက်တွေ
ခေါ်လာပေးမယ် မြူးထူးကခုန်လိုက်ပါ
မင်းအလှတွေ ထပ်ဆင့်ထပ်ဆင့်ဝင့်ဝါဖို့
မင်းပျော်ရွှင်ဖို့ အတွက်ဆို
ငါပခုံးပေါ် မှီတင်လိုရအောင်
ငါရဲ့ ရိုးတံပေါ်မှာ
မင်း လှပစွာနဲ့ နေရာယူလိုက်ပါ
မင်း လှသထက်လှနေမှာပါ။ ။
နရီထက်
( ၂၈ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )
Comment #3
wowwwwwwwwwwwwwwwww
so cuteeeeeeeeeeeeeeeeeee

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
(မင်းပျော်ရွှင်ဖို့ အတွက်ဆို
ငါပခုံးပေါ် မှီတင်လိုရအောင်
ငါရဲ့ ရိုးတံပေါ်မှာ
မင်း လှပစွာနဲ့ နေရာယူလိုက်ပါ)
ကြိုက်တယ်ဗျာ