ပုံပြောသူ ၈ (အောင်ချိမ့်)
နေပူပူ မိုးရွာရွာ
ထီးပါတော့မှ ဖွင့်ဆောင်းပါ။
မစဉ်းစားတတ်ဘူး
ထီးကို တုတ်ကောက်လိုကိုင်လျက်
နေပူ
မိုးဖွဲဖွဲထဲ
ခပ်တည်တည်ပဲ အဲဒီလူ
လမ်းလျှောက်လျက်။
အဲဒါ
သူ “ရှက်တတ်မှု” တဲ့။
အတော်တော့
ခွကျတာပဲ။
အောင်ချိမ့်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service