ပုံပြောသူ ၉ (အောင်ချိမ့်)
ကျောက်ခေတ်က ကျောက်ခေတ်လူသား မီးခတ်သလို
ငါကဗျာစပ်ဖို့
ကဗျာရဲ့ အစကို
ငါမီးခတ်နေတယ်။
တစ်ချက် မီးကောင်းကောင်းပွင့်ရင်
ကဗျာကောင်းကောင်း တစ်ပုဒ် ရမှာပဲ
အကောင်းဆုံးခေတ်ကြီးကိုရရှိတဲ့ ငါတို့ဟာ။
အောင်ချိမ့်
Comment #2
ညံ့မှန်းလည်းသိပါတယ်
အသုံးမကျမှန်းလည်းသိပါတယ်
အပြောဘဲရှိတာလဲသိပါတယ်
ဒါပေမယ့်….ကျွန်တော်
ဘေးပတ်ဝန်းကျင်က
မီးလာညိုကြဖို့ 
မီးခတ်တုန်းဘဲ……..
By: လပန်းဧည့် at May 22, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျွန်တော်လည်း နေ့တွေ ညတွေ ကဗျာမီးခတ်ဆဲ 🙂