ပိုင်ဆိုင်ခွင့် မရခဲ့တဲ့ အတိတ်သို့……………….
ရင်ထဲမှာ
ဘယ်တော့မှ မမေ့နိုင်မဲ့
အိမ်မက်လေးတစ်ခုကို
ခုချိန်တိုင်အောင်
သတိရနေတုန်းပဲ။
အရာရာဟာ
ဆိပ်ငြိမ်ရပ်ကွက် တစ်ခုက
အလွမ်းသစ်ပင်လို
ဝါဖျော့ဖျော့ အပြုံးတစ်ပွင့်နဲ့
ကမ္ဘာမြေကြီးကို ဦးညွှတ်နေလေရဲ့။
“- – – ” လို့
နင့်နာမည်ကို
အကျယ်ကြီးအော် ခေါ်ချင်ပေမဲ့
နှလုံးသားတစ်ခုလုံး
ကွပ်မျက်ခံထားရတဲ့
လူတစ်ယောက်အတွက်
ရင်ဝှက်စကားနဲ့ပဲ
နင်မကြားအောင်
စကားလုံးတွေ ဆိပ်သုဉ်းခဲ့တယ်။
တိုက်ဆိုင်မှုရှိတိုင်း
အကြောင်းမရှိပဲ
စူးကနဲ အောင့်သွားတဲ့
ဘယ်ဘက်ရင်အုံအောက်က
အက်ကွဲပုံပြင်တွေကို
နင်သတိရနိုင်ပါအုံးမလား…….။
နင့်အကြေင်းပြန်စဉ်းစားတိုင်း
မသိချင်ဟန်ဆောင်ထားပေမဲ့
ကြေကွဲနေတဲ့ အလွမ်းဆိုတဲ့ကောင်က
ငါ့နောက်ကျောကို
ဓါးနဲ့ထိုးခဲ့တယ်။
ထားလိုက်ပါလေ ……
အတိတ်ဆိုတာ
နင့်ရဲ့ ရွှေရောင်လွှမ်းတဲ့
ပစ္စုပန်နဲ့ ဘာမှမဆိုင်ပါဘူးလေ
ဒီဇာတ်လမ်းမှာ
တစ်ယောက်က ဘ၀နဲ့ရင်းခဲ့ပေမဲ့
တစ်ယောက်က နင်းခြေဖျက်ဆီးခဲ့တယ်။
(Terry)
Comment #2
ဟုတ်တယ်နော်။
မေ့ချင်ပေမဲ့ တိုက်ဆိုင်မှုတွေ့ တိုင်း ခံစားရတယ်။
စာသားနဲနဲပြန်သုံးမယ်နော်။
ကျေးဇူး။
Comment #4
ဒီဇာတ်လမ်းမှာ
တစ်ယောက်က ဘ၀နဲ့ရင်းခဲ့ပေမဲ့
တစ်ယောက်က နင်းခြေဖျက်ဆီးခဲ့တယ်။
……………………………………………….
Comment #1
ပိုင်ဆိုင်ခွင့်မရတဲ့အတိတ်သို့….ဆိုတဲ့ကဗျာလေးကို အရမ်းကြိုက်တယ် အစ်ကို Terry ရေ…..။
Copy လုပ်ပြီးသိမ်းထားခွင့်ပြုပါနော်…..။