Professional Authors

အညတရဆန္ဒ

ကောင်မလေးရယ်
နင့်ဆီက အသက်မပါတဲ့အပြုံးထက်
အမျက်ပါတဲ့ အမုန်းကိုငါလိုလားတယ်
နင်တကယ်စိတ်မပါပဲငါ့ကိုပျော်စေမှာထက်

ငါနင့်ကိုမျှော်နေရမှာကိုလိုလားမိတယ်
နင့်ဆီကရသ မမြောက်တဲ့ “ချစ်ပါတယ်”ဆိုတဲ့စကားထက်
အပြစ်မရှာပဲနားလည်ပေးနိုင်မှာကိုပိုလိုလားတယ်
ရှုပ်ရှက်ခတ်နေတဲ့ငါတို့နှစ်ယောက်ရဲ့ဇာတ်လမ်းထက်
ငါ့ဘဝစုတ်ပြတ်သက်နေမှာကိုပိုလိုလားခဲ့မိတယ်
ဒီလိုနဲ့လေ
ယုံတမ်းစကားတွေပြောခံခဲ့ရတ့
ခုံတန်းလျားလေးမှာထိုင်ရင်း
တွေးမိလေရဲ့
ငါ့ရဲ့ဆန္ဒတွေကိုမင်းလေးတစ်နေ့မှာနားလည်နိုင်ခဲ့ရင်….…….
In: ကဗျာ Posted By: Date: Jul 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment