ရွက်ကြွေကကြိုး-ကိုမင်း(မုံရွာ)
ငါ့ဘ၀နိဂုံး ၊ ရွက်ကြွေတုန်းက
အမုန်းဖက်ကာ ၊ အမှိုက်ပါလို.
တွေးကာထင်ကြ ၊ မင်းတို.က။
ခြောက်သွေ.ရင့်ရော် ၊ ငါ့ကိုယ်ပေါ်ကို
ကျသော်မိုးပေါက် ၊ ကခုန်ပေါက်၍
ချစ်လောက်ကကြိုး ၊ အလှမျိုးဖြင့်
မျိုးမျိုးဖြေဖျော် ၊ သုံးတော်ခံလည်း
မြင်သော်သတိ ၊ မထားမိက
လွန်မိနောင်တ ၊ သင်တို.ရလိမ့်
လောကဖြစ်မျိုး ၊ ရွက်ကြွေကကြိုး။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service