မလုပ်နိုင်ခဲ့တဲ့အရာ
စာအုပ်တအုပ်ထဲမှာ ကဗျာတပုဒ်ရေးခဲ့ပေမဲ့
ကဗျာမှာခေါင်းစဉ်မရှိခဲဘူး
ပြက္ခဒိန် ရွတ်စုတ် တရွတ်ကောက်ရပေမဲ့
ခုနှစ်မှာပြဲနေတယ်
တနေလုံးကုန်ဆုံးသွားမှန်း သိပေမဲ့
ဒီနေ့ကပြသဒါးတဲ့
အရက်ကိုတယောက်တည်းသောက်မိ့နေပေမဲ့
အမြည်းကတော့ စိတ်ညစ်မှုတွေ
ကိုယ်ချစ်မြတ်နိုးတဲ့သူကို သိအောင်ဖွင့်ပြောချင်ပေမဲ့
တရွေရွေသွားနေတဲ့ အချိန်တွေကို
ရပ်တန်အောင်လုပ်နေတုန်း
အသက်ရှင်လျက် ဆေးရုံရောက်ခဲ့ပေမဲ့
မီးခိုးတန်းကြီးက မိုးပေါ်ရောက်သွားခဲပြီ
Comment #2
I read this on 4.8.2010. I like this.
By: mie at Aug 4, 2010
Comment #3
ma loak naing tar ma hote pe ne,,
ma loak chin loh ma loak tar g ko myar,,
he,,he,,teasing u par,
By: ei lay at Feb 19, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်တယ် ဒီကဗျာကိုလာအားပေးသွားတယ်နော်
တနေလုံးကုန်ဆုံးသွားမှန်း သိပေမဲ့
ဒီနေ့ကပြသဒါးတဲ့
ဆိုပေမဲ့ ကုန်ဆုံးသွားပြီမှလား
မနက်ဖြန် ရက်ရာဇာဟုတ်တယ်ဟုတ်
အသက်ရှင်လျက် ဆေးရုံရောက်ခဲ့ပေမဲ့
မီးခိုးတန်းကြီးက မိုးပေါ်ရောက်သွားခဲပြီ
ဒါကတော့ ဆရာဝန်တွေကိုအပြစ်တင်ရမယ်
😀