မှတ် တိုင်
ရာသီစာမှားတဲ့တိမ်တွေလေ
မိုးလို့၊ငြိုးလို့။
ငါ့အခန်းထဲ ဖိတ်ကျခဲ့တဲ့ အမှတ်ရနေမှုတွေက
အဓိပ္ပါယ် အပြွတ်အသိပ်နဲ့ ကော်ဖီတခွက်ကို
တညနေတည်းနဲ့ အပြီးသောက်
မိုးခါးရေသောက်တဲ့ ရင်ခုန်သံကိုပဲ
အားနာနေမိတယ်။
ငါးစာမပါတဲ့ ငါးမျှားချိတ်အတွက်
နောက်နေ့မှာ နေမထွက်နိုင်တဲ့ အကြောင်းကြားစာတွေ
အထပ်လိုက်
အထပ်လိုက်။
ငါ့အိတ်ထဲ အိပ်မက်အပိုင်းအစတွေက
သူ့ယောင်ဆောင် လမ်းတွေ၊လူတွေ၊မှတ်တိုင်တွေကို
ပြေးပြေးဆောင့်
ရွဲရွဲစိုမျှော်လင့်နေမှု့အတွက်
ကောင်းကင်ကို ထီးတလက် ပေးခဲ့ပြီ။
ပန်းပွင့်တဲ့ရာသီတွေ ရောက်မလာတဲ့နေ့မှာတော့
ညနေတွေ လ္ဘက်ရည်ဆိုင်ထဲ
တိုးလျှိုးဝင်ခဲ့ကြတယ်။
Comment #2
Ms. John’s comment is very beautiful. Your comment makes the poem more sensible and more romantic. Thank you for your comment.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လက်ဖက်ရည်ဆိုင်တွင်းက ညနေခင်းတွေ
လက်ဖက်ရည်ဆိုင်တွင်းက နံနက်ခင်းတွေ..
ဘာရယ်မဟုတ်ဖူး….
ကျောင်းသားဘ၀ကို သတိရသွားတယ် 🙂
အဲ့ဒီတုန်းက တိမ်တွေ အခု ပြန် လာ ခဲ့ရင် ရာသီစာ မှားလို့ဖြစ်မယ်…
ဒါပေမယ့် မှားစေချင်သား 😀