Professional Authors

အရင်အတိုင်းမဟုတ်တော့တဲ့….

 

မတူညီတော့တဲ့

အတိတ်နဲ့ပစ္စုပ္ပန်ရဲ့ပြောင်းလဲမှုတွေကိုခံနိုင်အောင်ကြိုးစားရင်း

ငါ့အသံတွေတိတ်နေခဲ့တယ်

တစ်ခါကမင်းရဲ့စကားသံတွေ
ငါ့နားထဲမှာကြားယောင်နေဆဲပဲ..
အထီးကျန်ဆန်တဲ့အခန်းလေးက
ငါ့ကို နှစ်သိမ့်ပေးနေတယ်
ငါ့ဘေးကဖုန်းလေးကတော့
ငါ့ကိုလှောင်ပြောင်နေဆဲ..
နေရာဟောင်းလေးတွေက ငါ့ကိုမမှတ်မိဘူး
သူတို့သိတာက ချစ်မေတ္တာတွေလွမ်းခြုံတဲ့ငါတို့နှစ်ယောက်
ဓါတ်ပုံထဲက ငါတို့နှစ်ယောက်ရဲ့ပုံရိပ်သာ ပြုံးရယ်နေတယ်
အရင်တချိန်က ငါနဲ့မင်း ပြန်ဖြစ်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး
ငါတို့ရဲ့အဖြစ်ကို ငါမသိချင်ယောင်ဆောင်ဖို့ကြိုးစားတယ်
ဒါပေမဲ့ ငါမအောင်မြင်ခဲ့ဘူး..
အားနည်းအားငယ်တတ်တဲ့ ငါ ဆိုတဲ့ ငါကိုဖုံးကွယ်နိုင်ခဲ့ပေမယ်
မျက်ရည်စက်ကိုတော့ မတားဆီးနိုင်ခဲ့ဘူး
မင်းသတိမထားခဲ့တဲ့အတိတ်ကကိစ္စလေးတွေကို
ငါဒီနေ့အထိအမှတ်ရနေဆဲမို့
ရင်ထဲကဒဏ်ရာတွေကိုငါဘယ်လိုဖြေသိမ့်ရမလဲ
ချစ်ရသူ….
In: ကဗျာ Posted By: Date: Aug 2, 2010
Comment #1

ကဗျာတစ်ပုဒ်ထဲကို နေရာရွေးပြီးကြိုက်တာ ကဗျာရေးသူတော့ဘယ်လိုနေမလဲမသိဘူး ကိုယ်ကတော့တော်တော်မုန်းတာ ဒါပေမယ့် ဒီကဗျာလေးထဲက
အားနည်းအားငယ်တတ်တဲ့ ငါ ဆိုတဲ့ ငါကိုဖုံးကွယ်နိုင်ခဲ့ပေမယ့်
မျက်ရည်စက်ကိုတော့ မတားဆီးနိုင်ခဲ့ဘူး
မင်းသတိမထားခဲ့တဲ့အတိတ်ကကိစ္စလေးတွေကို
ငါဒီနေ့အထိအမှတ်ရနေဆဲမို့
ရင်ထဲကဒဏ်ရာတွေကိုငါဘယ်လိုဖြေသိမ့်ရမလဲ
ချစ်ရသူ…. ဆိုတဲ့အပိုင်းလေးကို ပိုပြီးကြိုက်တယ် ဒီထက်ကောင်းတာတွေရေးနိုင်ပါစေ

commentinfo By: lucifer at Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment